BBC News မြန်မာ

နောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ​၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။

https://www.bbc.com/burmese

View in Telegram

Recent Posts

မြောက်ကိုရီးယားဘက်ကို စီးမြင်နေရတဲ့ စတားဘတ်ကော်ဖီဆိုင်
တောင်ကိုရီးယားနိုင်ငံက ဂင်ပိုမြို့လေးဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်မှာကပ်လျက်ရှိပါတယ်။ နှစ်နိုင်ငံ စစ်ရေးရန်စောင်မှုတွေရှိနေခဲ့ချိန် အဲဒီနေရာကို မှောင်မိုက် စိတ်ပျက်စရာနေရာတစ်ခုလို့ ယူဆထင်မှတ်ပြီး လာကြသူသိပ်မများလှပါဘူး။ အခုတော့ အမေရိကန်က ကော်ဖီဆိုင် စတားဘတ်ကက အဲဒီနယ်စပ်မှာ ဆိုင်လာဖွင့်လိုက်ပါတယ်။ ကော်ဖီအရသာခံရင်း မြောက်ကိုရီးယားဘက်ကိုလည်း လှမ်းကြည့်နိုင်တဲ့ စတားဘတ်မှာ ဆက်တိုက်ပဲ လူစည်ကားနေပါတော့တယ်။
#ဘီဘီစီမြန်မာပိုင်း #တောင်ကိုရီးယား #မြောက်ကိုရီးယား #ကင်မ်ဂျုံအွန်း
ဆီးရီးယားက စစ်စခန်းတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ရာချီ လုပ်ခဲ့ပြီးအစ္စရေးတပ်ဖွဲ့ဝင်တွေကို ဂိုလန်ကုန်းမြင့်က စစ်မဲ့ ကြားခံဇုန်ကို ပို့လိုက်ပါတယ်။
ဒါဟာ အစ္စရေး ထိန်းချုပ်ထားတဲ့ ဆီးရီးယားနယ်မြေတွေကို ထပ်ပြီးချဲ့ယူလိုက်တာ ဖြစ်ပါတယ်။
ဒီလို လုပ်တာဟာ အစ္စရေး နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်တာဖြစ်တယ်လို့ အစ္စရေးက ပြောပေမဲ့ တခြားသူတွေကတော့ ကာလရှည်ရန်ဘက် အားနည်းနေချိန် အခွင့်အရေး ယူတာလို့ ပြောပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျသွားပြီးတဲ့ တနင်္ဂနွေနေ့ကတည်းက စပြီး အစ္စရေး စစ်တပ် IDF က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ မက လုပ်ခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ SOHR က ပြောပါတယ်။
ဆောင်းပါးအပြည့်အစုံကို လင့်ခ် https://www.bbc.com/burmese/articles/c0q01qg3g5no?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားမယ်လို့ ကြေညာတဲ့ TNLA က စစ်ရှိန်တန့်နေပါတယ်။
ဒီလိုထိုးစစ်ရပ်တန့်သွားတာကြောင့် တရုတ်ဖိအားက မြောက်ပိုင်းသုံးဖွဲ့အပြင် သူ့ရဲ့မဟာမိတ်တပ်တွေ အပေါ် ပါ သက်ရောက်မှုရှိနေပြီလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
တရုတ်ဖိအားကြောင့် မြောက်ပိုင်းမဟာမိတ်တပ်တွေထိုးစစ်ရပ်ခဲ့ရင် ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ အလားအလာက ဘယ်လိုဆက်ရှိနေမလဲ။
ဆောင်းပါးအပြည့်အစုံကို လင့်ခ် https://www.bbc.com/burmese/articles/cgkxg3y2nnxo?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အဖွဲ နဲ့ ကချင်လွတ်လပ်ရေးအဖွဲ KIO/KIA တို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံမှုအပြီးမှာပဲ တရုတ်ဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ပေးလိုက်ပြီလို လိုင်ဇာကလာတဲ့ သတင်းတွေအရသိရပါတယ်။

မနေ့ကကူမင်းတွေ့ဆုံပွဲအပြီးမှာပဲ ကချင်အထူးဒေသ(၁)ကို ကေအိုင်အေ ထိုးစစ်မရပ်လိုဆိုပြီး ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တွေကို တရုတ်က ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီရဲ့ ဒီဇင်ဘာ ၁၃ ရက် နိုင်ငံတဝန်းသတင်းများတိုက်ရိုက်တင်ဆက်မှုကို https://www.bbc.com/burmese/live/cx27wvv35z4t မှာဖတ်နိုင်ပါပြီ။
အာဆတ်ကို ဖြုတ်ချခဲ့တဲ့ သူပုန်ခေါင်းဆောင်
အဘူ မိုဟာမက် အယ်လ်ဂျိုလာနီဟာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ HTS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ကို ဦးဆောင်သူပါ။ အာဆတ်ထွက်ပြေးသွားတဲ့နေ့မှာပဲ သူက မြို့တော် ဒမတ်စကပ်ကိုရောက်လာပြီး မြို့ထဲက သမိုင်းဝင် ဗလီကြီးမှာ စကားပြောခဲ့ပါတယ်။ အယ်လ်ခိုင်းအဖွဲ့ဝင်ဖြစ်ခဲ့၊ အိုင်အက်စ်နဲ့ ဆက်နွှယ်မှုရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ သူဟာ သဘောထားပျော့ပြောင်းသူ တစ်ယောက်အဖြစ် သူ့ကိုယ်သူ ပုံဖော်လာခဲ့ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံအတော်များများက သူ့ကို အကြမ်းဖက်သမားလို့သတ်မှတ်ထားပြီး အမေရိကန်တွေက ဆုငွေ ဒေါ်လာ ၁၀ သန်းထုတ်ခံထားရသူပါ။ ဂျိုလာနီက ဘယ်လိုလူပါလဲ။
#ဘီဘီစီမြန်မာပိုင်း #ဆီးရီးယား #အာဆတ် #ဂျိုလာနီ #HTS
"မင်းတို့ကို နောက်ဆုံးအချိန် မိနစ် ၂၀ ပေးမယ်" လို့ အာရက္ခတပ်တော်(အေအေ)တပ်ဖွဲ့ဝင် တစ်ယောက်က လက်ကိုင်အသံချဲ့စက်နဲ့ လှမ်းပြောရင်း လက်ပတ်နာရီကို ကြည့်လိုက်ပါတယ်။

"မိနစ် ၂၀ ပြည့်လို့မှ ထွက်မလာရင် လိုရင်းတိုရှင်းပဲ၊ မင်းတို့ကို ငါတို့ လုပ်ရလိမ့်မယ်" ဆိုတဲ့ အဲဒီတပ်ဖွဲ့ဝင်ရဲ့ တိုတိုပြတ်ပြတ် စကားပြောသံကိုလည်း ကြားရပါတယ်။

အဲဒီနောက်မှာတော့ အေအေက စစ်ကောင်စီတပ်စခန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပါတော့တယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/49ypblz?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ဆီးရီးယားနိုင်ငံက အာဆတ် အစိုးရ ပြုတ်ကျသွားတာ ကြောင့် ဒီဒေသရဲ့ အာဏာ ထိန်းညှိမှု ပုံစံပြောင်းသွားမှာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေကိုပါ ရိုက်ခတ်ပါလိမ့်မယ်။

ရုရှား၊ တူရကီ၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ အမေရိကန်တို့ အားလုံးက ပြီးခဲ့တဲ့ ၁၄ နှစ် အတွင်း ဆီးရီးယား စစ်ပွဲမှာ ကြားဝင်ခဲ့ကြသလို လက်ဘနွန်က တပ်ဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် အခု ဒီအပြောင်းအလဲက ဒီနိုင်ငံတွေအတွက် ဘယ်လို သက်ရောက်မှု ရှိလာမလဲ။

အရှေ့‌အလယ်ပိုင်းဒေသမှာ အပြောင်းအလဲနဲ့သက်ရောက်မှုတွေဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြထားတဲ့ အသေးစိတ်ရှင်းပြချက်ကို ဒီဆောင်းပါး https://www.bbc.com/burmese/articles/cy47v0lx9yvo?at_campaign=ws_telegram မှာဖတ်နိုင်ပါပြီ။
ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့အလုပ်တွေမှာ နိုင်ငံခြားသားတွေကို မခန့်ဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးနေချိန်မှာပဲ ကိုပိုင်ဆိုသူ မြန်မာအမျိုးသားဟာ လိုင်စင်မရှိဘဲ ခရီးသွားစက်လှေမောင်းမှုနဲ့ ဖူးခက်မြို့မှာ အဖမ်းခံလိုက်ရပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3PcbJuB?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့အလုပ်တွေမှာ နိုင်ငံခြားသားတွေကို မခန့်ဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးနေချိန်မှာပဲ ကိုပိုင်ဆိုသူ မြန်မာအမျိုးသားဟာ လိုင်စင်မရှိဘဲ ခရီးသွားစက်လှေမောင်းမှုနဲ့ ဖူးခက်မြို့မှာ အဖမ်းခံလိုက်ရပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3PcbJuB?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ခရီးသွားလုပ်ငန်း၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်နဲ့ အနှိပ်လုပ်ငန်းလို ထိုင်းနိုင်ငံသာတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့အလုပ်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ယူခန့်ထားတာ မလုပ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်မှာ သတိပေးချက် ထပ်မံထုတ်ပြန်လာပါတယ်။

ထိုင်းမှာ လက်ရှိ အဖမ်းအဆီးတွေ ဘယ်လိုရှိနေလဲ။

ဒီဇင်ဘာ ၁၂ ရက် သတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဒီလင့်ခ် https://bbc.in/3PcbJuB?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တောင်သုံးလုံး စခန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေ သိမ်းနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ BPLA ကထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် သတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဒီလင့်ခ် https://bbc.in/3PcbJuB?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တောင်သုံးလုံး စခန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေ သိမ်းနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ BPLA ကထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် သတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဒီလင့်ခ် https://bbc.in/3PcbJuB?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
See more posts

View in Telegram