ရုပ်ရှင်အညွှန်း 📽️🎥
Recent Posts
Main Channel ကြီး Copy Right ကြောင့်ပျက်ပြန်ပါပြီ။
ယခု Link ပါ Channel ကို Join ပေးကြဦး။ ဒီ Channel မှာတော့ Movie link တွေပဲချပေးပါမယ်။
Main Channel မို့ Join ပေးကြပါ။
Channel Link
https://t.me/linkonlychannel

Along the gods willတို့ Alice in borderlandတို့လိုမျိုး အသက်ကိုလောင်းကြေးထပ်ပြီး ဂိမ်းကစားရတာကို Possibilitiesတဲ့ survival ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ်ကြည့်လို့ရမဲ့ movieအတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ထူးခြားတာက တခြားmovieတွေလို သတ်မဲ့လူ ကိရိယာတွေ အဆင်သင့်ရှိနေတာမဟုတ်ဘဲ ဂိမ်းကစားသူတွေကိုယ်တိုင် သူတို့အထဲက သမန်းဝံပုလွေကို လိုက်လံ သတ်ဖြတ်ရမှာပါ။
Party gameတစ်ခုဖြစ်တဲ့ The werewolf gameကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။မြန်မာမှာ ခေတ်စားခဲ့တဲ့ Among usလိုမျိုးပဲ အဖွဲ့ထဲက impostor(သမန်းဝံပုလွေ၂ကောင်)ဖြစ်နိုင်တဲ့သူကို မဲပေးပြီး ကိုယ်တိုင်သတ်ရမှာပါ။ဇာတ်လမ်းအစမှာတော့ အထက်တန်းကျောင်းသား ကျောင်းသူတွေဟာ ဘာမှမသိလိုက်ဘဲ ထူးဆန်းတဲ့အဆောက်အဦတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒါဟာ တောနက်ထဲမှာ ထီးတည်းတည်ရှိနေတဲ့နေရာကျယ်ကြီးဖြစ်ပြီးတော့ လွတ်ဖို့လမ်းလည်း ရှာလို့မလွယ်ပါဘူး။
လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ သမန်းဝံပုလွေဂိမ်းကို ကစားရမှာဖြစ်ပါတယ်။
လူတွေအားလုံးထဲမှာမှ သမန်းဝံပုလွေ(jinrou) ၂ကောင်ရှိပြီးတော့ ကျန်တဲ့သူတွေက ရွာသားတွေဖြစ်ပါတယ်။ ညတိုင်း ၈နာရီမှာ အစည်းအဝေးထိုင်ပြီး ဘယ်သူက သမန်းဝံပုလွေဖြစ်နိုင်လဲဆိုတာကို မဲခွဲဆုံးဖြတ်ပါတယ်။ မဲအများဆုံးရတဲ့သူကို အခန်းထဲမှာပေးထားတဲ့ လက်နက်၊အဆိပ် စသဖြင့် သတ်စရာတစ်ခုခုနဲ့ သတ်ပစ်ရပါတယ်။ မဲခွဲတုန်းမှာ ဝံပုလွေကမသေခဲ့ရင် တစ်ညလုံး ရွာသားတွေကို လိုက်သတ်ခွင့်ရမှာဖြစ်ပါတယ်။ ၂ဖက်ထဲမှာ တစ်ဖက်ဖက်ကို အရင်ကုန်အောင် သတ်နိုင်တဲ့အဖွဲ့က နိုင်မှာပါ။Movie nameအလိုက် ရွာသားဖက် သမန်းဝံပုလွေဖက် အဖွဲ့တစ်ခုချင်းစီရဲ့ ရှုထောင့်ကနေ လိုက်ကြည့်ရမှာဖြစ်လို့ survival game ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
2013မှာ ထွက်ခဲ့တဲ့ The villagers sideကနေ စပြီး ကြည့်ရင်တော့ သူထွက်ခဲ့တဲ့အတိုင်း အစဉ်လိုက်ဖြစ်ပြီး ကြည့်လို့ပိုကောင်းမယ်လို့ ထင်မိပါတယ်။သရုပ်ဆောင်တွေ အချင်းချင်း သတ်ပုံသတ်နည်းတွေက မတူတာမို့ တစ်ကားချင်းလည်း ရွေးကြည့်လို့ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )
Crd

The Werewolf Game: Inferno (2018)
ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။
ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thriller
အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့
လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker က
စိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာ
လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀
အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လို
သွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့
အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါ
တော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းက
ကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက်
ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာ
ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေ
လွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့
Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့
ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။
မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်း
မြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့
ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ ကောင်မလေးကို
သဘောကျသွားခဲ့ပါတယ်။
ဒါပေမဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ
ထောင်ထဲမှာရှိနေရမယ့် သူ့အစ်ကို Alex ကို အိမ်ထဲမှာ စပြီး
မြင်ရတော့တာပါပဲ။ Tom ကြုံနေရတာတွေ အကုန်လုံးက
သူအရင်က ကြုံတွေ့ခဲ့ရတဲ့ ထရော်မာတွေကြောင့်
စိတ်ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ်
အိမ်ကြီးက တကယ်ပဲခြောက်လှန့်နေတာလား။ သူ့အနေနဲ့
Lynn ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားနိုင်ပါ့မလား၊
ရက် ၃၀ အကျယ်ချုပ်ကိုလည်း အေးအေးဆေးဆေး
ပြီးမြောက်သွားနိုင်မလားဆိုတာကိုတော့ Delirium ဆိုတဲ့
ဒီဇာတ်ကားထဲမှာပဲ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါနော်။

Delirium(2018)
ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ သမန်းဝံပုလွေဖြစ်ပြီး စီးရီးအဆုံးမှာတော့ အီလိုင်ဆိုတဲ့ သားတစ်ယောက်နဲ့ အတူနေထိုင်နေပါပြီ။ ဒဲရက်ရဲ့ ညီမကတော့ မာလီရာတိတ် ဖြစ်ပြီး သမန်းမြေခွေးပါပဲ။ နောက်ပြီး ပဲရစ်ရှ်ဆိုတဲ့ ရဲတပ်သားကတော့ ငရဲခွေးဖြစ်ပါတယ်။လစ်ဒီယာရဲ့ သူငယ်ချင်း ဂျက်ဆန်ဝစ်မောကလည်း ကာနီမာဆိုတဲ့ မှော်သတ္တဝါအဖြစ် ပါဝင်ထားပါတယ်။
စကော့မက်ကောကနေ သမန်းဝံပုလွေအဖြစ်ပြောင်းပေးထားတဲ့ လီယမ်လည်း ပါလာပါတယ်။ဒီရုပ်ရှင်အစမှာတော့ Teen Wolf တွေဟာ Adult Wolf တွေဖြစ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် အခြားမှာ အခြေကျနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးကို လက်စားချေချင်နေတဲ့ ရန်သူဟောင်းတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ ဂျပန်နတ်ဘုရားမိစ္ဆာနိုဂစ်ဆူနဲကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလာပါတော့တယ်။ သူတို့တစ်ယောက်ချင်းစီအနေနဲ့ ရန်သူကို မယှဉ်နိုင်တော့မို့ ဘီကွန်ဟေးလ်ရဲ့ မှော်သတ္တဝါတွေနဲ့ မုဆိုးတွေပူးပေါင်းပြီး ပြန်ရင်ဆိုင်ကြရတဲ့အခါ…

Teen Wolf: The Movie (2023)
The Imitation Game (2014)
ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး
ဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့…..ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာၤပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့……….Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ…….။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား……..၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။
Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။
အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ…………………..။
ကျွန်တော်ပြောပြောနေတဲ့Crypotcurrency ဆိုတာ ဒုတိယကမ္ဘာစစ်မှာ စစ်ပွဲအနိုင်အရှုံးကိုဆုံးဖြတ်ခဲ့တဲ့ Cryptography ကို inspired ယူထားတာပါ။ အဲအကြောင်းလည်းလေ့လာရင်းနဲ့ Oscar ဆုရထားတဲ့အပြင် Rotten Tomatoအရရော IMDB အရပါ လန်ထွက်နေတာမို့ ကြည့်ကိုကြည့်ရမယ့် တစ်ကားပါ။
ကဲ ကုသိုလ်ကံထူးတဲ့သူတွေရေ ကြည့်လိုက်ကြပါအုံး...

Sicario (2015)MM SUB
ဒီကားက အရမ်းကောင်းလွန်းလို့ Pre-Screening အပြီးမှာထဲက Sequel ထပ်ထွက်ဖို့ အတည်ပြုလိုက်ရတဲ့ အထိ ပရိတ်သတ်အားပေးမှုရခဲ့ပါတယ်။ နောက်လ ၂ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒီကားက ဖြစ်ရပ်မှန်အချို့ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားအကြောင်းကို ပြောရာမှာ Spoiler တွေပါမှာ ဖြစ်တယ်လို့ ကြိုသတိပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ နာမည် Sicario ဆိုတဲ့နာမည်က စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်က Hitman (လူသတ်သမား) လို့ အဓိပ္ပာယ်ရပါတယ်။ Mexican Cartel (မက္ကဆီကန် ဘိန်းဘုရင်တွေ) က အမေရိကားနဲ့ မက္ကဆီကို နယ်စပ်ကနေတဆင့် ဘိန်းဖြူတွေသွင်းနေသလို အမေရိကန်နိုင် အတွင်း မှာ ပါ လူသတ် ပြန်ပေးဆွဲ အလုပ်တွေလုပ် နေကြပါတယ်။ ၂၀၁၀ ဝန်းကျင်က တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး၊ မက္ကဆီကန် ဘိန်းဘုရင်တွေ ရဲ့ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုတွေကို တွေ့ရမှာဖြစ်သလို ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင် ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ဇာတ်ကားအကြောင်းမပြောခင် ဇာတ်ကားက ရာဇဝတ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အသတ်ခံရမှုတွေကို ပီပီပြင်ပြင် တင်ဆက်ထားတာကြောင့် ဒီကားကို ကလေးတွေကြည့်ဖို့မသင့်သလို၊ စိတ်မခိုင်သူတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းမှာ မင်းသမီးချော Emily Blunt (Edge of Tomorrow) က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ဝင်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူသေအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်။ ဒီလူသေတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လူကြရာက (Turf War) အသတ်ခံရတာဖြစ်ပါတယ်။ ဒါထက်ပိုဆိုးသွားတာက သူတို့ ဝင်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။ဒီနောက်မှာ Josh Brolin (Men in Black 3) ရဲ့ ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့က မက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီး၊ သူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်။ ဒီအဖွဲ့မှာ နောက်ထပ် ထပ်ပါလာတာက မင်းသားကြီး Benicio del Toro ရဲ့ ဇာတ်ကောင် Alejandro ပါပါဝင်လာပါတယ်။ ဒီဇာတ်ကောင်က ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီး၊ ဇာတ်လမ်းအစမှာ သူ့ရဲ့ အကြောင်းကို ဂဂဃဃ မပြထားတာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ဒီလိုနဲ့ သူတို့ အဖွဲ့က El Paso, Taxes (U.S) ကနေ Juarez (ဟွာယက်စ်) (Mexico) ဘက်ကို ကူးသွားပြီး Cartel Leader ရဲ့ ညီ ဖြစ်သူ တစ်ဦးကို သွားခေါ်လာတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်းမှာ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့ Juarez မြို့ရဲ့ အကျည်းတန် ရုပ်ဆိုးမှုတွေကို ပြသထားပြီး၊ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ US ကနေ မက္ကဆီကို ကိုသွားတဲ့ အခန်းကို လေပေါ်ကနေစီးပြီး ရိုက်ထားတဲ့ အခန်း (Ariel Shot) နဲ့ ရိုက်ထားတာ အရမ်း ပညာသားပါပြီး၊ ဇာတ်ဝင်ခန်းရဲ့ အရေးကြီးပုံ၊ စိတ်လှုပ်ရှားမှုကောင်းပုံကို ပိုပြီး ထိရောက်စေပြီး၊ ပရိတ်သတ်ကို ပိုဆွဲဆောင်ထားနိုင်ပါတယ်။
ဒီကနေစပြီး Cartel ခေါင်းဆောင်ကို လိုက်ရှာရင်းက Kate တစ်ယောက် သူမထင်ထားသလို မဟုတ်ဘူးဆိုတာ သိလာရပါတယ်။ Matt Graver က ဇာတ်လမ်းအစမှာ Department of Defense (ကာကွယ်ရေးဝန်ကြီးဌာန) ကလို့ ဆိုပေမယ့်၊ တကယ်တမ်းမှာ CIA ကဖြစ်နေမှန်းသိလိုက်ရပါတယ်။ အမေရိကားနိုင်ငံရဲ့ ဥပဒေအရ CIA က နိုင်ငံအတွင်းမှာ ဘာအာဏာမှမရှိသလို၊ အမေရိကန်နိုင်ငံအတွင်းမှာ လှုပ်ရှားမယ်ဆိုရင် FBI နဲ့ ပူးပေါင်းရပါတယ်။ ဒါကြောင့် Emily Blunt ရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Kate ကို သူတို့ အဖွဲ့မှာ ပါဝင်အောင် ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Benicio Del Toro ရဲ့ ဇာတ်ကောင်ရဲ့ နောက်ကြောင်းကိုလည်း တဖြည်းဖြည်း သိလာရပါတယ်။

Sicario (2015)
Churuli (2021)
IMdb Rating (7.1)ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။
တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။
(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်)
အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။
ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့
ခြင်းထဲကောက်ထည့်လာပါတယ်။
အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။
သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။
သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။
အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။
အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင်ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလို့မေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။
ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့
မှတ်ချက်ပြုမိခဲ့ပါသေးတယ်။
နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီးချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။
ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့
မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။
စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။
ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေကသူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။
Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။
Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး
ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။
ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။
ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။
25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်။
တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။
တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Mary Kom [2014]
ဒီဇာတ်ကား က အထွေအထူး ပြောစရာမလို ပါဘူး။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော် မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင် ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားတာပါ။
အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေး တစ်ကား ရှာတွေ့ထားပါတယ်။
ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်တဲ့ ကားတစ်ကား ဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ကားနာမည်က 'Mary Kom' ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။
ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က လက်ဝှေ့ရုံထဲရန်ဖြစ်ရင်းနဲ့ ရောက်သွားပြီး အဲဒီလက်ဝှေ့ရုံမှာ စတင်သင်ကြားပါတော့တယ်။
လက်ရဲဇက်ရဲနဲ့ စိတ်၀င်စားမှုပြင်းထန်တဲ့ မေရီဟာ အဲဒီလက် ဝှေ့ရုံရဲ့ ထင်ရှားတဲ့ လက်ဝှေ့သမားအဖြစ်သာမက ပြည်နယ်တိုင်း ပြိုင်ပွဲတွေအထိပါ တဖြည်းဖြည်း တက်လာတယ်။
ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။
လက်ဝှေ့ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအသွားအလာအတိုင်း မေရီပြိုင်ပွဲတွေ၀င်ပြိုင်တယ်။ နိုင်ငံအဆင့် အိုလံပစ်အဆင့်အထိ အဆင့်ဆင့်တက်ပြိုင်။ နိုင်သွားတယ်။ ဒီသဘောပါပဲ။
ဒါပေမဲ့ ဒီဇာတ်ကားရဲ့ အလှည့်အပြောင်းကတော့ တက် လမ်းရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ သူ့ ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး ရေစုန်မျောရမလို ဖြစ်သွားတယ်။
ကံကောင်းတာက မေရီ့မှာ ချစ်စ ရာကောင်းတဲ့ အမြွှာကလေး နှစ် ယောက်အပြင် မေရီရဲ့ လက်ဝှေ့ အားကစားနဲ့ ပတ်သက်ရင် ကိုယ် ကျိုးစွန့်ချစ်တတ်တဲ့ သူယောက်ျားက သူ့တက်လမ်းတွေကို ပြန်ဖွင့် ပေးခဲ့တယ်။
ကြားထဲမှာတော့ စိတ်ဓာတ်ကျစရာတွေ ခါးဆက် ပြတ်သွားတဲ့ လက်ဝှေ့သမားတစ် ယောက်ရဲ့ အခက်အခဲတွေတော့ တစ်ပုံကြီးနဲ့ပေါ့။
ဒီဇာတ်လမ်းက ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ဒီကားထဲမှာပြောစရာက အိန္ဒိယ နာမည်ကြီးမင်းသမီး Priyanka Chopra ပရီယန်ကာချိုပရာဖြစ်ပါတယ်။
ဒီလို လက်ဝှေ့သမား တစ်ယောက်ရဲ့ သဏ္ဌာန်ကို သရုပ်ဖော်နိုင်တဲ့ ဒီမင်းသမီးကတော့ အထင်ကြီးစရာပါပဲ။
နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသား တွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။

Bruce Lee The Fighter (2015) MMSB
Ram Charan,မင်းသမီး Rakul Preet Singh နဲ့ Kriti Kharbandaတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်. . .
မိမိကိုယ်တိုင် အရာရှိဖြစ်ချင်နေပေမယ့် မိဘတွေငွေကြေး မတတ်နိုင်လို့အမဖြစ်သူ ကာဗယာ ကိုပဲ အရာရှိဖြစ်စေချင်ခဲ့တဲ့
နှလုံးသားလှတဲ့ကောင်လေး ကာသစ်. . .
ဘရုစ်လီကို အားကျရူးသွပ်သူဖြစ်တဲ့သူဟာ ရုပ်ရှင်တွေမှာ စတန့်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်းရင်း
မိသားစုနဲ့ အမဖြစ်သူကို ထောက်ပံ့ပေးနေသူလေးပေါ့. . .
တစ်နေ့တော့ ရိုက်ကွင်းလုပ်နေရင်း သူ့သူငယ်ချင်းရဲ့ ညီမလေး ပြန်ပေးအဆွဲခံရတာကို သွားကယ်တင်လိုက်တယ်. . .
ကောင်မလေး နာမည်က ရီယာတဲ့(ကျွန်တော်အရမ်းကြွေတဲ့ မင်းသမီးလေး ေိေိ)
ရီယာဟာ ရဲတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ လာခဲ့ပေမယ့်
သူ့ကို လာကယ်တဲ့အချိန် ကာသစ်ဝတ်ထားတဲ့ ရဲဝတ်စုံကြောင့်
ကာသစ်ခေါ် ဘရုစ်လီကို တကယ့်သတ္တိကောင်းပြီး ရဲရင့်တဲ့ ရဲတစ်ယောက်လို့ထင်သွားတယ်. . .
ရီယာက ကာသစ်ကို အထင်ကြီးလေးစားပြီး မိမိရဲ့ ပရော်ဖက်ရှင်ဖြစ်တဲ့ ဂိမ်းဒီဇိုင်းဆွဲတဲ့နေရာမှာ ကာသစ်ကို အခြေခံပြီး SuperCop Gameကို ရေးနေသူဖြစ်တယ်. . .
ကာသစ်ရဲ့ လူဆိုးတွေနဲ့ ဖိုက်နေတဲ့ ဗီဒီယိုတစ်ခုကိုလည်းFacebook ပေါ် တင်လိုက်သေးတယ်. . .
ကာသစ်တစ်ယောက် ရီယာ့ကို ချစ်မိသွားပေမယ့် သူဟာရဲမဟုတ်မှန်း ရီယာသိသွားမှာလဲ စိုးတယ်. . .
ဒီလိုနဲ့
တစ်နေ့မှာ သူတို့မြို့က ဟော်တယ်တစ်ခုမှ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်. . .
ရဲတွေက ဒါဟာ အကြမ်းဖက်မှုလို့ ယူဆပေမယ့်
ကာသစ် သိလာရတာက
ဒါဟာ စီးပွားရေးသမားနှစ်ယောက် ကိုသတ်ဖို့ ကြိုးစားရင်းဖြစ်လာတဲ့ အကျိုးဆက်ဖြစ်နေတယ်. . .
နောက်ပြီး
သူတို့မြို့ရဲ့ စီးပွားရေးသမား အရေချုံ မစ္စတာ ဒီပါရာ့ဂ်ျဆိုသူပါ
ပါဝင်ပက်သက်ပြီး ဒီကိစ္စကို ကြိုးကိုင်နေမှန်း တစ်စတစ်စ သိလာရတဲ့အခါ. . .
ဇာတ်လမ်းကတော့ ဘိုင်ရာဘာမင်းသားရဲ့ ထုံးစံအတိုင်း Action,Romance ကို ရောမွှေထားတဲ့ကားလေး ဖြစ်လို့
ဆက်လက်အားပေးကြပါဦး ဗျာ

Bruce Lee The Fighter (2015)
Fate: The Winx Saga Season (1+2) VIP Series
================
Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာနတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကိုပညာသင်ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမကလောင်းကျွမ်းသားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို အကာကွယ်ကြီးအုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေတာသိခဲ့ပြီးမထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို အစွမ်းကိုထိန်းချုပ်နိုင်ဖို ကျောင်းလာတက်ပါတယ်။လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူမိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်းသာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲလောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရယ်ဆိုးတွေကြုံရမလဲသူတိုအစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာတိုကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။