Khit Thit Media
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Recent Posts
ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Phyu Township People's Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းရှိ ဝဲကြီးရွာအနောက်ထိပ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်နှင့် ဖြူးမြို့နယ် ပကဖ ရဲဘော်များ ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အုတ်ဖြတ်လမ်းပိုင်းရှိ မြို့ချောင်းရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ဖြူးမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ညနေ ၆ နာရီခန့်တွင်လည်း အုတ်ဖြတ်လမ်းပိုင်းရှိ မြို့ချောင်းရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
"တိုက်ခိုက်မှုက ၃ ကြိမ်ပေါ့။ စစ်ခွေး ၃ ကောင် သေဆုံးတယ်လို့တော့ သိရတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု Phyu Township People's Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်တွေမြို့နယ်၊ ရွှေမင်းဂံ ရေတပ်အနီး AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တွေမြို့အနီးသို့ တိုက်ပွဲများက ဦးတည်လာ
ရန်ကုန်| မတ် ၁၂
အာရက္ခတပ်တော် AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ ရွှေမင်းဂံ စစ်ကောင်စီအထိုင်ချထားသည့် ရေတပ်စခန်းနှင့် သုံးဆောင်ရွာအနီးသို့ ရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကင်းမော်ကျေးရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲမှာ တဖြည်းဖြည်း စစ်တွေမြို့အနီးသို့ ရောက်ရှိလာကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။
"စစ်တွေတိုက်ပွဲက မနေ့က ကြားရသလောက်တော့ သုံးဆောင်ရွာ၊ ရွှေမင်းဂံရေတပ်စခန်းအနီးသို့ ရောက်နေပြီ
လို့ ကြားရတယ်။ ဝါဘိုအနီးက စစ်ကောင်စီတပ်တွေဟာ နောက်ဆုတ်လာပြီးတော့ အခု သုံးဆောင်ရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ဗျိုင်းဖြူရွာဘက်ကိုလည်း စစ်ကောင်စီတပ်တွေ ဆုတ်လာတယ်လို့ သိရတယ်" ဟု ပြောသည်။
ရွှေမင်းရေတပ်စခန်းအနီးရှိ သုံးဆောင်ရွာ၊ ဇော်မဒတ်ရွာနှင့် ချောင်းနွယ်ကျေးရွာအနီးတို့တွင် တိုက်ပွဲ ဖြစ်ပွားနေကြသည်ဟု သိရသည်။
"ရွှေမင်းဂံရေတပ်စခန်း၊ ဗျိုင်းဖြူရွာနဲ့ ကျေးတောဘက်တွေမှာ စစ်ကောင်စီက တပ်စခန်းတွေ အခိုင်အမာကို တည်ဆောက်ထားတာ။ ရွှေမင်းဂံရေတပ်စခန်းဆို နေဗီတွေ အများကြီးနဲ့ ထိုင်ထားတာ။ တိုက်ပွဲ ဒီထက် ပိုပြင်းထန်လာဖို့ ရှိတယ်။ ကျနော်တို့တောင် ရန်ကုန်ဘက်ကို ရွှေ့ရမလား စဉ်းစားနေတာ။ လေယာဉ်ခ ဈေးကြီးလို့ ခဏ စောင့်ကြည့်နေတယ်။ လေယာဉ်ခ ကျပ် ၁၀ သိန်းကျော်တောင် ရှိတယ်" ဟု အုန်းတပင်ရွာသားတစ်ဦးက ပြောသည်။
ဗျိုင်းဖြူရွာနှင့် အုန်းတပင်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြား တိုးချထားကြောင်းနှင့် ရွှေမင်းရေတပ်စခန်းကိုလည်း နေဗီများ ဖြည့်ပေးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အနီးက တိုက်ပွဲကို အကြောင်းပြု၍ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဒေသများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။
စစ်တွေမြို့တွင် စစ်ဘေးသင့် ဒုက္ခသည် ၈၀၀၀ ကျော်အပါအဝင် ပြည်သူများ သောင်းချီ ပိတ်မိနေကြပြီး ငွေကြေးတတ်နိုင်သူများက ရန်ကုန်ဘက်သို့ ရွှေ့ပြောင်းနေကြသည်။
စစ်တွေနှင့် ကျောက်ဖြူမှ ဒေသခံပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေသို့ ရွှေ့ပြောင်း နေထိုင်ကြရန် အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းမှာ ထုတ်ပြန် အသိပေးခဲ့သည်။
ဓာတ်ပုံ - AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
(Wester News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)