MT News _ Myanmar Transparency

MT News _ Myanmar Transparency

View in Telegram

Recent Posts

ကွာဟချက်ကြီးဆဲ ရွှေ၊ ထိုင်းကုန်စည်တွေ ပိတ်ဆို့ခိုင်းတဲ့ မြ၀တီပြည်သူနဲ့ အမေရိကန်ဖြတ်တောက်တဲ့ မြန်မာဆီက ရန်ပုံငွေ

၁၆. ၂. ၂၀၂၅
Written by Phyo Wei

" ရွှေစျေးကွက်ထိန်းကျောင်းဖို့ ဖွဲ့ပေးထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကို အဆမတန်ဆွဲအတင်ခံထားရတဲ့ ရွှေစျေးကို ထိန်းကျောင်းဖို့ ဖွဲ့ပေးထားတာဖြစ်ပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ သတ်မှတ်ပေးတဲ့စျေးထက် ပြင်ပစျေးက အဆမတန်ဆွဲအတင်ခံထားရတာကို ထိရောက်တဲ့ အရေးယူဖြေရှင်းမှု လုပ်ဆောင်နိုင်ခဲ့တာ မတွေ့ရတဲ့အပြင် ကွာဟချက်က ပိုကြီးသထက် ကြီးလာပြီး စျေးအဆမတန် ဆွဲတင်နေမှုကိုလည်း ဆက်မြင်နေရတာမို့လို့ ဒီလိုအခြေအနေကို ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်းမှာလည်း ထိန်းကျောင်းနိုင်ပါ့မလားဆိုတာကတော့ သံသယဝင်စရာ...."

"တကယ့်တကယ်မှာလည်း ထိုင်းနယ်စပ် မြ၀တီဟာ အရင်တုန်းကတော့ ထိုင်းနိုင်ငံနဲ့ ကုန်စည်ကူးသန်းရာမြို့ကြီးတစ်မြို့ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အာရှလမ်းမကြီးကို KNU နဲ့ PDF တွေ ပိတ်ဆို့ထားပြီး တောလမ်းကိုလည်း ဆက်ကြေးကောက်နေချိန်မှာ မြို့တွင်းသုံးဖို့ဟာ လုံးလုံးလျားလျားဆိုသလို ထိုင်းဘက်ကို မှီခိုနေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ထိုင်းဘက်က လျှပ်စစ်နဲ့ စက်သုံးဆီ ဖြတ်တောက်ထားတာကြောင့် ဓာတ်ဆီတစ်လီတာ ၁၅၀၀၀ လောက်အထိ ရုတ်ချည်းမြင့်တက်သွားသလို အခြားသော စားသောက်ကုန်တွေကလည်း စျေးတက်မှုတွေ ကြုံနေရတဲ့အခြေအနေပါ။ ဒီလိုအခြေအနေကြားမှာ ထိုင်းသွင်းကုန်တွေ ပိတ်ဖို့ တောင်းဆိုတာက မဖြစ်သင့်ဘဲ တကယ်လုပ်သင့်တာက ကျားဖြန့်ဂိုဏ်းလာလုပ်နေတဲ့ တရုတ်ဂိုဏ်းတွေကို အမြစ်ဖြုတ် နှင်ထုတ်ပြီး မြ၀တီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်ကို မီးပြန်ရအောင် လုပ်ပေးဖို့ တောင်းဆိုရမှာကို ကိုယ့်ပြန်ထိမယ့် ကုန်စည်ပိတ်ဆို့ဖို့ တောင်းဆိုတာက အမြင်မတော် ဆင်တော်နဲ့ ခလောက်..."

" ဒါ့အပြင် USAID ပိတ်သိမ်းမှုနဲ့အတူ မြန်မာနိုင်ငံထဲက စီမံကိန်း ၃၄ ခုပါ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသွားတာဖြစ်တဲ့အပြင် လက်ရှိ ကတိကဝတ်တွေဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအကူအညီ ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအကူအညီ ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအကူအညီ ဒေါ်လာ သန်း ၃၀ ကိုလည်း ဆိုင်းငံ့လိုက်သလို ၂၀၂၅ ခုနှစ်ထဲမှာ စတင်ထောက်ပံ့မယ့် စီမံကိန်း အသစ်တွေလည်း မပါဝင်တော့ဘူးဆို​ပါတယ်။ ဒါ့အပြင် လက်ရှိ ထောက်ပံ့မှုထဲက TB နဲ့ HIV ရောဂါသည်တွေအတွက် ဆေးဝါးထောက်ပံ့ဖို့ ခွဲဝေပေးမယ့် ဒေါ်လာ ၁၀ သန်းကလည်း မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရပြီလိုလည်း HRM က ပြောပါတယ်။ အမေရိကန်ဟာ USAID ကတစ်ဆင့် နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ နဲ့ ၃၀၀ ကြား ထောက်ပံ့တာဖြစ်ပြီး ဒီ ငွေကြေးတွေဟာ ဘင်္ဂါလီတွေ၊ မြန်မာနိုင်ငံမတည်ငြိမ်အောင် မွှေနှောက်နေတဲ့ လက်ဝေခံအဖွဲအစည်းတွေ၊ NUG ၊ PDF နဲ့ EAOs တွေအတွက် နည်းပညာအကူအညီတွေပေးနေတာဖြစ်လို့ ဒီအကူအညီတွေကြောင့်ပဲ နိုင်ငံအတွင်းမှာ စစ်ပွဲတွေ အဓွန့်ရှည်နေတာပါ။ လက်ရှိမှာတော့ အမေရိကန်သမ္မတထရန့်ရဲ့ ဒီရပ်ဆိုင်းမှုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့လမ်းစလို့လည်း သုံးသပ်ကြသူတွေရှိနေပြီး အထူးသဖြင့် ဒီလိုဖြတ်တောက်မှုတွေအပြင်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခ ပိုကြီးအောင် မီဒီယာနဲ့ တစ်ဖတ်သက် မီးထိုးပေးနေတဲ့ သတင်းဌာနကြီးနှစ်ခုဖြစ်တဲ့ VOA လို RFA လို သတင်းဌာနတွေကိုလည်း VOA သတင်းဌာနအတွက် ဒေါ်လာ သန်း ၃၀၀၊ အမေရိကန်ထောက်ပံ့ခံမီဒီယာထဲပါဝင်နေတဲ့ RFA ကိုလည်း ဒီနှစ်မှာ ဒေါ်လာ ၇၁ သန်းအပါအဝင် မီဒီယာ ခုနစ်ခုကို ထောက်ပံ့ဖို့ သန်း ၉၅၀ ဖြတ်တောက်ဖို့ကိုလည်း အီလွန်မတ်ခ်က တောင်းဆိုထားတာ တွေ့ရပြန်ပါသေးတယ်။ ထရန့်ရဲ့ ဒီလိုဖြတ်တောက်မှုဟာ တစ်ဖက်မှာ လူနာတွေနဲ့ ကလေးတွေအတွက် စိတ်မကောင်းစရာဖြစ်ပေမဲ့ တစ်ဖက်မှာတော့ မြန်မာပြည်ကို မီးထိုးပြီး စီးပွားရှာနေတဲ့သူတွေ ဇာတ်သိမ်း..."

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91376

#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်
#MyanamrTransparency
ရပ်ကွက်အတွင်း ကွန်ကရစ်လမ်း‌ပေါ် မောင်းလာတဲ့ ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ စက်ဘီးစီးလာသူနှစ်ဦးနဲ့ အိမ်တစ်အိမ်ကို ဝင်တိုက်မိတာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

၁၆ .၂ .၂၀၂၅
Written by Hey Mar

ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းထဲ ဖြတ်သန်း မောင်းနှင်တဲ့ အိမ်စီးကားက ရှေ့မှာ ကွေ့ကားရှိနေတာကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုးရာက စက်ဘီးစီးလာသူ သားအမိအပါဝင် လမ်းဘေးရှိ အိမ်ထဲမှာနေထိုင်နေသူ အမျိုးသမီးကြီးတစ်ဦးပါ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈) ရပ်ကွက်၊ ကုန်းဘောင်ပတ်လမ်းမှာ ဖြစ်ပွားခဲ့....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91370

#အရက်မူး #ယာဥ်တိုက်မှု #ကျူးကျော် #အရှေ့ဒဂုံ #အရက်သေစာ #MT#MyanmarTransparency

ဘာတာစျေးမီးလောင်မှု လုံခြုံရေးအတွက်ထွန်းထားသော LED မီးလုံး၏ ဆားကစ်ပြား ရှော့ခ်ဖြစ်ရာမှ ဆိုင်ခန်း ၃၄၀ကျော် မီးလောင်ခဲ့ကြောင်း စုံစမ်းတွေ့ရှိ

၁၆.၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းပေါ်ရှိ လှိုင်ရတနာစျေး(ခ) ဘာတာဈေးတွင် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ဆိုင်ခန်းပေါင်း ၃၄၀ ကျော်ဆုံးရှုံးခဲ့သော မီးလောင်မှုမှာ စျေးလုံခြုံရေးအတွက် ထွန်းထားသော LED မီးလုံး၏ ဆားကစ်ပြား ရှော့ခ်ဖြစ်၍ မီးပွားထွက်ရာမှ မီးလောင်ခဲ့​​ခြင်း​​ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

စျေးရုံ(၁၁)၏ အတွင်းလျှောက်လမ်းအမိုးတွင် စျေးလုံခြုံရေးအတွက် ထွန်းထားသော LED မီးလုံးအတွင်းရှိ ဆားကစ်ပြား ရှော့ခ်ဖြစ်၍ မီးပွားထွက်ပြီး ဆိုင်ခန်းတစ်ခန်း၏ ပလတ်စတစ်အမိုးပေါ်ကျရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့​​ခြင်း​​ဖြစ်သည်။

မီးလောင်မှုကြောင့် ဘာတာစျေးတွင် စျေးရုံ ၁၅ ရုံရှိသည့်အနက် သွပ်မိုး၊ ပျဥ်ထောင်၊ ကွန်ကရစ်ခင်း စျေးရုံ ၆ ရုံရှိ ၅ ပေပတ်လည် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊အထည်ဆိုင်၊ အလှကုန်ဆိုင်၊ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်နှင့် ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များပါဝင်သော ဆိုင်ခန်းပေါင်း ၂၂၈ ခန်းနှင့် မြေစိုက်ပျံကျ​စျေးရုံရှိ ပျံကျဆိုင်ခန်း ၁၂၀ စုစုပေါင်းဆိုင်ခန်း ၃၄၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၅၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ်၊ အထောက်အကူပြုယာဥ်နှင့် ကွပ်ကဲမှုယာဥ်များအပါအဝင် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။

ဘာတာစျေးမီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် စျေးတာဝန်ခံ ဦးတင့်ဆွေကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လှိုင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91364

#လှိုင်ရတနာစျေး #ဘာတာစျေး #မီးလောင် #LEDမီးလုံး #MT #MyanmarTransparency

တောင်ကိုရီးယားသရုပ်ဆောင် ကင်မ်ဆေးယွန်ကို နေအိမ်တွင် သေဆုံးလျက်သား ယနေ့တွေ့ရှိ

၁၆. ၂. ၂၀၂၅
Translated by Thettant

တောင်ကိုရီးယားရဲ့ အလားအလာအရှိဆုံးမင်းသမီးတစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကင်မ်ဆေးယွန်ဟာ ဆိုးလ်မြို့က သူမ၏နေအိမ်မှာ ဒီနေ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ရဲတပ်ဖွဲ့က ဒီအမှုကို ဆက်လက် စုံစမ်းနေပါတယ်။

နာမည်ကြီး Netflix ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကင်မ်ဆေးယွန်ရဲ့ အလောင်းကို Seongsu-dong ခရိုင် သူမရဲ့ နေအိမ်မှာ ဒီညနေ ၄ နာရီ ၅၅ မိနစ်ခန့်မှာ သေဆုံးနေတာကို ပထမဆုံး တွေ့ရှိခဲ့ရတဲ့ သူမရဲ့သူငယ်ချင်းက ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့အပြီး သူမရုတ်တရက်သေဆုံးမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမဲ့ သံသယဖြစ်စရာအခြေအနေတွေ မတွေ့ရှိခဲ့ဘဲ သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ကင်မ်ဆေးယွန်ဟာ ၉ နှစ်သမီးအရွယ်ကတည်းက သရုပ်ဆောင်လောကထဲဝင်လာခဲ့ပြီး A Brand New Life (၂၀၀၉) အပြင် တောင်ကိုရီးယားရဲ့ ဝင်ငွေအကောင်းဆုံး The Man From Nowhere (၂၀၁၀) ဇာတ်ကားတွေမှာ အထင်ကြီးစရာကောင်းတဲ့ သရုပ်ဆောင်မှုကြောင့် ကျော်ကြားလာခဲ့ပြီး ၂၀၁၂ မှာလည်း သည်းထိတ်ရင်ဖိုဇာတ်ကား The Neighbour မှာ ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုအသိအမှတ်ပြုမှုလည်း ရရှိခဲ့ပါတယ်။

အခြားသော ထင်ရှားကျော်ကြားတဲ့ ၂၀၁၄ ခုနှစ်က A Girl at My Door ဇာတ်ကား ၂၀၁၆ ခုနှစ်မှာ Mirror of the Witch လို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အလားအလာအရှိဆုံးလို့ သတ်မှတ်ခံခဲ့ရပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ အရက်သောက်ပြီး ကားမောင်းတဲ့ ဖြစ်ရပ်ကြောင့် လူမြင်ကွင်းက ပျောက်ကွယ်ခဲ့သလို ၂၀၂၃ ခုနှစ် ဧပြီလမှာ ဝမ်သန်း ၂၀ ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

Kim ဟာ Netflix ရဲ့ ၂၀၂၃ ခုနှစ်ကထွက်ရှိတဲ့ ကိုရီးယားဒရာမာ Bloodhounds မှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ အရက်မူးပြီး ကားမောင်းတဲ့ဖြစ်ရပ်ကြောင့် သူမရဲ့ အခန်းအများစုကို ဖြတ်တောက်ခံခဲ့ရတယ်လို့လည်း Variety က ဖော်ပြခဲ့ပါတယ်။

Ref, BBC

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91360

#တောင်ကိုရီးယား #သရုပ်ဆောင် #Kimsaeron#ကင်မ်ဆေးယွန် #ကလေးသရုပ်ဆောင် #Southkoreanactress#MTEntertainment

UNESCO စာရင်းဝင်ထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ဖော်ထုတ်တဲ့အနေနဲ့ နွေဥဒါန်းဇာတ်ကားကိုရိုက်မှာပါ ဆိုတဲ့ နှင်းရတီထက်

၁၆.၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ်- သန္တာ

"မြို့မငြိမ်းဂီတအဖွဲ့နဲ့လည်း ညီမက က,ရမှာပေါ့နော်။ အကိုကတော့ စာရင်းပြုစုဖို့အတွက် လိုက်မှာပေါ့။ မန္တလေးမှာ သင်္ကြန်နဲ့ပတ်သတ်တဲ့ သီချင်းရေးတာတွေအကုန်လုံးပါမယ်။ ပြီးတော့ သင်္ကြန်က ဒီနှစ်မှာ UNESCO ဝင်သွားတဲ့အတွက်ကြောင့် ညီမတို့က အဲ့အတွက်ကို ပိုပြီးတော့ အားစိုက်ပြီးတော့ ရိုက်ထားတာပေါ့နော်ဟုတ်။ မြန်မာ့ယဉ်ကျေးမှုကို ထုတ်ဖော်ချင်တဲ့အတွက်ကြောင့် စပြီးတော့ ရိုက်ကတည်းက ဒီသင်္ကြန်ကိုပဲ ဦးတည်ပြီးတော့ ရိုက်တာ။ UNESCO ဝင်တယ်။ ဒီဟာကိုတင်ပြမယ်ပေါ့နော်။ အဲ့ဒါနဲ့ပဲစခဲ့တာပေါ့။ ဒီဇာတ်လမ်းက" Jared ၊ နှင်းရတီထက်

#Jared#နှင်းရတီထက် #HninYatiHtet
#နွေဥဒါန်းဇာတ်လမ်းတွဲ #မြန်မာ့ရိုးရာသင်္ကြန်
#MyanmarCele#UNESCOThingyan ##KUNYATCreation#MTEntertainment
ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်တွင် ချက်ပြုတ်နေသူများကို PDF က လာရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

MT News
၁၆. ၂.၂၀၂၅

ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်တွင် ချက်ပြုတ်နေသူများကို PDF အဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်းပြကာ PDF အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက် ၁၄ နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး၊ အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ PDF များကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91355

#ပခုက္ကူ #အလှူ #အကြမ်းဖက် #PDF #ကွက်သစ် #လူငယ် #ကလေးငယ် #MyanmarTransparency

See more posts

View in Telegram