Myanmar Now

Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။

View in Telegram

Recent Posts

အမရပူရမြို့ပြစီမံကိန်းအတွက် ဒေသခံတို့၏မြေတွင် မောင်ဝိတ်၏ကုမ္ပဏီ မြေပြင်နေ
---------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ထိုးခဲ့ရကြောင်း ပြောဆိုခဲ့သည့် လုပ်ငန်းရှင် မောင်ဝိတ်ပိုင် ကုမ္ပဏီသည် မန္တလေးမြို့အနီး စီမံကိန်းတစ်ခုအတွက် မြေကွက်ပိုင်ရှင်များကို ဖိအားပေးနေသည်ဟု သိရသည်။

အကောက်အထည်ဖော်မည့် မြို့ပြစီမံကိန်းအတွက် မြေရှင်များ ထုတ်မရောင်းသေးသည့် မြေများပေါ်တွင် စီမံကိန်းစတင်ရန် မြေပြင်နေသည်ဟု သိရသည်။

မြေတစ်ဧကလျှင် ၂,၂၀၀ ထိ ဈေးပေါက်ခဲ့သော်လည်းကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းနေသည့် ယခုချိန်တွင် ကျပ်သိန်း ၁,၅၀၀ ဖြင့် ရောင်းချရန် ကုမ္ပဏီဘက်က တိုက်တွန်းနေသည်ဟုလည်း မြေပိုင်ရှင်တစ်ဦးက ပြောသည်။

ပုံစာ - နေပြည်တော်တွင် ပြုလုပ်သည့် မာရဝိဇယဘုရားအတွက် အလှူငွေပေးအပ်ပွဲတွင် စစ်ခေါင်းဆောင်နှင့် အတူတွေ့ရသည့် မောင်ဝိတ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59969/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
လောင်းလုံမြို့နယ်တွင် PDF နှင့် ကြည်းရေလေတပ် တိုက်ပွဲပြင်းထန်
------------------------

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ၃ ရက်ဆက်ဖြစ်နေသည့် လောင်းလုံမြို့တွင် ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

ထိုဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ခဲ့သော်လည်း ရက်ရှည်တိုက်ပွဲဖြစ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

ပုံစာ-တနင်္သာရီတိုင်း လောင်းလုံမြို့နယ်အတွင်းလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59966/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေးအင်အားစု ယူသင့်သော ဆီးရီးယားသင်ခန်းစာ
---------------------------------------
ဆီးရီးယားနိုင်ငံတွင် ရုရှား၊ အီရန်တို့ ဝင်ကူနေသည့် အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းချေမှုန်းလိုက်သော ဖြစ်စဉ်တွင် သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာ များစွာ ရှိနေသည်။

အာဏာရှင် အာဆတ် ရုရှားသို့ ထွက်မပြေးရခင် ဆီးရီးယား၏ အခြေအနေသည် မြန်မာနိုင်ငံဖြစ်စဉ်နှင့်လည်း တူညီနေသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်အဖွဲ့များ NUG အစိုးရနှင့် ပိုမို ပူးပေါင်းလျှင် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ပိုရလာနိုင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59952/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ကွတ်ခိုင်တွင် KIA နှင့် MNDAA တပ်သားများ အငြင်းပွား ရန်ဖြစ်
-----------------------

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားအဖွဲ့နှစ်ခုမှ တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားကြသော်လည်း ခိုက်ရန်ဖြစ်ပွားစဉ် ပစ်ခတ်မှု မဖြစ်ဘဲ ထိုးကြိတ်မှုသာ ဖြစ်ခဲ့သည်ဟု သိရသည်။

KIA လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ကိုးကန့်တပ် MNDAA တပ်က ဖျက်ရာမှာ အငြင်းပွားခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ပုံစာ-KIA နှင့် MNDAA တပ်ဖွဲ့ဝင်များ အငြင်းပွားနေကြစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59949/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
အမြန်လမ်းပေါ် နွားထိုးကြီး PDF တက်အပြီး လေတပ် ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး
----------------------------
အမြန်လမ်းပေါ် PDF များတက်ရောက်လှုပ်ရှားခဲ့သည်မှာ တစ်လအတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့အပြီး စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုဖြင့် တုံ့ပြန်ရာ ဒေသခံတချို့ ထိခိုက် သေဆုံးသွားသည်။

စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို သတင်းအမှောင်ချထားသော်လည်း စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် စစ်ကောင်စီကို သိက္ခာကျစေသော လုပ်ရပ်ဟု ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

တိုက်ခိုက်ခံရသောနေရာသည် စစ်တပ် တပ်ရင်းများနှင့် လေတပ်အခြေစိုက်ရာ မိတ္ထီလာမြို့နှင့် အလှမ်း မဝေးသော ခရီးဖြစ်ပြီး စစ်ခေါင်းဆောင်ကလည်း မကြာသေးခင်ကမှ လာရောက်ခဲ့သေးသည်။

ပုံစာ-နိုဝင်ဘာလဆန်းက တွေ့ရသည့် နွားထိုးကြီးအခြေစိုက် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Soe Aung Facebook)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59943/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
မလေးရှားတွင် နှစ်သစ်ကူးချိန် အဖမ်းအဆီးကြမ်း၊ မြန်မာ ၁၀၀၀ နီးပါး ဖမ်းခံထားရ
-------------------------

တစ်နှစ်တာစီမံချက် ပြီးပြတ်ခါနီးတွင် မလေးရှားအစိုးရက အရှိန်မြှင့်ဖမ်းဆီးပြီး ပြန်ပို့ရန် ကြိုးပမ်းနေသဖြင့် မြန်မာ အလုပ်သမားများသည် စစ်ကောင်စီ စစ်သားသစ်အစီအစဉ်ထဲ ရောက်သွားနိုင်သည်။

ထိုင်းတွင် ဖမ်းဆီးပြီး ပြန်ပို့ခံရသော မြန်မာများကို စစ်ကောင်စီတပ်က စစ်သားအဖြစ် စုဆောင်းသည့် ဖြစ်စဉ် အများအပြားရှိခဲ့သည်။

ယခင်က မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံ၍ ဖမ်းဆီးခံရသူများသည် တရားရုံးများတွင် အမှုရင်ဆိုင်ခွင့် ရကြသော်လည်း ၂၀၂၃ ဒီဇင်ဘာမှ ၂၀၂၄ ဒီဇင်ဘာ စီမံချက်အတွင်း ပြန်ပို့ခံနေရသည်။

ပုံစာ- ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မလေးရှားရဲတပ်ဖွဲ့ ဆလန်ဂေါပြည်နယ်၌ တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်ဖမ်းဆီးမှု။ ( ဓာတ်ပုံ- Jabatan Imigresen Malaysia/Facebook Page)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59935/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ထိုင်းတွင်မွေးဖွားကြီးပြင်းပြီးနောက် စစ်ကောင်စီတပ်ထဲ အပို့ခံရသူ
-------------------------

ထိုင်းထောင်မှ မြန်မာစစ်စခန်းသို့ ရောက်သွားသည့် လူငယ်တစ်ဦး ပြန်လွတ်ရေးအတွက် မိခင်ဖြစ်သူက ၃၂၅ ရက်စာ လုပ်အားခနှင့် ညီမျှသည့်ငွေကို ချေးငှားပြီး လာဘ်ထိုးခဲ့ရသည်။

နာမည်ပျက်နေသော စစ်ကောင်စီတပ်ထဲသို့ မရောက်စေရေးအတွက် ငွေလမ်းခင်းရသည်ကို ထိုလူငယ်၏ အတွေ့အကြုံများက ပြသနေသည်။

ပုံစာ- ထိုင်းနိုင်ငံတွင်းမွေးဖွားပြီး မြန်မာနိုင်ငံသို့ပင်မရောက်ဖူးဘဲ စစ်ကောင်စီတပ်သားအဖြစ် စုဆောင်းခံရသူ ခွန်ကိုး (ဓာတ်ပုံ − Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59928/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ရန်ကုန်-မန္တလေး အမြန်လမ်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဟု PDF များသတိပေး
-----------------------------------
ခရီးသွားပြည်သူများအား မလိုအပ်ဘဲ အမြန်လမ်းပေါ်တွင် ခရီးမသွားရန်၊ ညပိုင်းအချိန်မထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရှေ့ဆက်ကားမမောင်းဘဲ လုံခြုံသည့်နီးစပ်ရာနေရာများတွင် နေထိုင်ရန် သတိပေးခဲ့ကြောင်း ဆိုသည်။

ပုံစာ-Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ဒီဇင်ဘာ ၂၃ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမှ ခရီးသွားများကို စစ်ဆေးနေစဉ် ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59925/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
မင်းတပ်၊ ကန်ပက်လက်မြို့တို့မှ နိုင်ကျဉ်း ၁၅ ဦးကို ကယ်ထုတ်နိုင်
-----------------------
ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲအောင်မြင်မှုကြောင့် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အိမ်အတွက် ဆန်ဝယ်လာအပြီး ထောင်တစ်သက် ချမှတ်ခံထားရသည့် မီးသတ်သမားတစ်ဦးလည်း ပါဝင်သည်။

အခြေအနေဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြန်လွတ်လာသူတို့ကို တော်လှန်ရေးအင်အားစုက ဆေးကုသမှုပေးထားသည်၊ မိသားစုနှင့် ပြန်ဆုံရန် စီစဉ်ပေးနေသည်ဟု သိရသည်။

မကွေးတိုင်း ယောဒေသနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မင်းတပ်နှင့်ကန်ပက်လက်မြို့တို့မှာ ကပ်လျက် ဖြစ်ပြီး မိုင် ၄၀ ခန့်သာ ကွာဝေးသည်။

ပုံစာ-သိမ်းပိုက်ထားသော မင်းတပ်ရဲစခန်းရှေ့တွင် တွေ့ရသော ချင်းတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-Yaw Mang)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59918/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
မင်းတပ်နှင့်ကန်ပက်လက်မြို့ကို AA ၏ မဟာမိတ်ချင်းညီနောင်အဖွဲ့ ထိန်းချုပ်
--------------------------
ပလက်ဝမြို့မှ အပ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရသဖြင့် ဒေသတွင်းတော်လှန်ရေး အင်အားစုက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ချင်းတောင်ဘက်အစွန်ဆုံး ပလက်ဝကိုမူ AA က ထိန်းချုပ်ထားပြီး ပလက်ဝအထက်ပိုင်း ချင်းတောင်ပိုင်း မြို့များဖြစ်သော ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသော ၄ မြို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည်။

ပလက်ဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆၀ ကျော်ကို အရှင်ဖမ်းမိခဲ့သည်၊ တိုက်ပွဲအပြီး နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ သည်ဟု သိရသည်။

ကန်ပက်လက်မြို့မှာမူ မြို့သိမ်းတိုက်ပွဲကြေညာအပြီး ထိတွေ့မှုအနည်းငယ် ဖြစ်ကာ စစ်သားနှင့်ရဲ ၁၀၀ နီးပါးက ကပ်လျက် မကွေးတိုင်းထဲ ဆုတ်ခွာသွားသဖြင့် ၂၄ နာရီမပြည့်မီ မြို့ကိုသိမ်းနိုင်ခဲ့သည်။

ချင်းပြည်နယ်တော်လှန်ရေးတွင် AA ၏ မဟာမိတ်များ ဖြစ်သော ချင်းညီနောင်အဖွဲ့ တော်လှန်ရေးအင်အား စုများနှင့် CNF/CNA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ ဦးဆောင်လှုပ်ရှားနေကြသည်။

ပုံစာ-သိမ်းပိုက်ထားသော မင်းတပ်မြို့အဝင်တွင် တွေ့ရသော ချင်းကာကွယ်ရေးအဖွဲ့များ။ (ဓာတ်ပုံ- Yaw Mang)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59907/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
AA ထိုးစစ်ကြောင့် စစ်တပ်က ဧရာဝတီတိုင်းတွင် အရပ်သားများကို အားကိုးလာ
-------------------------------
အမ်းကို လက်လွှတ်ရပြီး ဂွဘက်သို့ တိုက်ပွဲများ ရောက်လာရာ ကပ်လျက် ဧရာဝတီတိုင်းဘက်မှ စစ်ကောင်စီတပ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး အရပ်သားများကို လုံခြုံရေးအဖွဲ့ ဖွဲ့ခိုင်းနေသည်။

ရခိုင်စစ်ရှောင်များ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့သာမက ပန်းတနော်အထိပါ ရောက်ရှိလာပြီး ငါးသိုင်းချောင်းအနီး ရိုးမတောင်ပေါ်တွင် တိုက်ပွဲများဖြစ်နေသည်ဟု AA က အတည်ပြုသည်။

ဂွမြို့ ကျသွားပါက AA ထိုးစစ်သည် ဧရာဝတီတိုင်းဘက် မြှားဦးလှည့်လာနိုင်ကြောင်း ၊ မဟာမိတ်များနှင့် လက်တွဲကာAA က တိုက်ကောင်းတိုက်နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

ပုံစာ- ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ဧရာဝတီတိုင်း၌ ဆင်ဖြူရှင်စစ်ဆင်ရေး ပြုလုပ်နေသည့် စစ်သားများ။ (ဓာတ်ပုံ - EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59899/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ထိုင်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း UWSA ‌ပြော
-------------------
UWSA တပ်စခန်းများ ဖယ်ရှားမည့် ရက်စွဲအတိအကျပေးရန် ထပ်မံ အကြောင်းကြားခဲ့သည်ဟု ထိုင်းစစ်တပ်ဘက်က ပြောသည်။

ရှမ်းမြောက်ဒေသတွင်း လှုပ်ရှားပြီး စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များအဖြစ် ဖွဲ့စည်းထားသော ပြည် ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တပ်ပေါင်းစုတွင် UWSA သည် ဦးဆောင်အဖွဲ့ဝင် ဖြစ်ပြီး ကချင်တပ် (KIA) ၊ ရခိုင်တပ် (AA)၊ ကိုးကန့်တပ် (MNDAA)၊ မိုင်းလားအခြေစိုက်တပ် (NDAA) ၊ တအာင်းတပ် (TNLA) ၊ ရှမ်းတပ် (SSPP) တို့ပါ ဝင်ကြသည်။

ပုံစာ
-၂၀၁၇ ဇွန်လက ထိုင်းမြန်မာနယ်စပ်တွင် တွေ့ရသော UWSA တပ်သားများ။ (ဓာတ်ပုံ - AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59891/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
တိုင်းစစ်ဌာနချုပ် နောက်တစ်ခုကို စစ်ကောင်စီ လက်လွှတ်ရ
---------------------

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် (MNDAA) ထံ လက်လွှတ်လိုက်ရပြီးနောက် ရခိုင်နှင့်ချင်းစစ်ဒေသများအတွက် အရေးပါသော တိုင်းစစ်ဌာနချုပ် နောက်တစ်ခုကိုပါ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

ပုံစာ- မီးလောင်ပျက်စီးနေသော နပခ ဌာနချုပ်အဆောက်အဦ။ (ဓာတ်ပုံ- AA ရုပ်သံမှ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59885/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
မင်းတပ်နှင့်ဖလမ်းမြို့ နေရာအများစုကို ထိန်းချုပ်လိုက်ပြီဟု ချင်းညီနောင်တပ်ကြေညာ
---------------------

ချင်းပြည်နယ်ထဲမှ ဖလမ်းနှင့်မင်းတပ်တွင် နေရာအများစုကို ၎င်းတို့ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်တပ်များက ကြေညာခဲ့ပြီး ထိုစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်က စစ်သားနှင့်ရဲ ၁၇၀ ခန့် လက်နက်ချခဲ့သည်ဟုဆိုသည်။

ဒေသတွင်းလူမျိုးစုလက်နက်ကိုင်တပ်များ စုပေါင်းထားသည့် ချင်းညီနောင်တပ်သည် ရခိုင်တပ် AA နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ချင်းတော်လှန်ရေး ၆ ဖွဲ့ ပါဝင်သည်။

ပုံစာ- တစ်လကျော်ကြာ ဖလမ်းနှင့်မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများ ။ (ဓာတ်ပုံ - ချင်းညီနောင်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59879/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ဘန်ကောက်မြန်မာ့အရေးဆွေးနွေးပွဲ စစ်ကောင်စီနှင့်အိမ်နီးချင်းနိုင်ငံများ ပနံသင့်
----------------------------------------

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တက်လာသော စစ်ကောင်စီနှင့် အိမ်နီးချင်း ၅ နိုင်ငံလုံး၏ ပထမဆုံး တွေ့ဆုံမှုဆွေးနွေးမှုဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှုသည် အဆင်ပြေချောမွေ့သည်ဟု ဆိုကြသည်။

ပုံစာ- မြန်မာ့အရေးဆွေးနွေးပွဲတက်လာသော နိုင်ငံ ၆ နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59872/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
တခုတည်းသော မွန်တပ် ပေါ်ထွက်လာရေး မွန်လက်နက်ကိုင် ၄ ဖွဲ့ သဘောတူ
------------------------
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ မွန်တပ်တော် တစ်ရပ်ပေါ်ထွန်းလာရန် သဘောတူညီခဲ့ကြသည်။

ထိုတပ်ပေါင်းစုတွင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေး အင်အားစုများ ဖြစ်သည့် မွန်ပြည်လွတ်မြောက် ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပါဝင်သည်။

စစ်ကောင်စီ၏ဆွေးနွေးဖက် ဝါရင့်မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီကမူ ထိုတပ်ပေါင်းစုတွင်ပါဝင်လာခြင်းမရှိ‌သေးပေ။

ပုံစာ- မွန်တော်လှန်ရေးလက်နက်ကိုင်တပ်များ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59866/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်၊ အရပ်သားအချို့သေဆုံး
---------------
မန္တလေးနှင့် မိုင် ၂၀ အကွာကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့သေဆုံး ထိခိုက်ဒဏ်ရာရသွားသည်။

တိုက်ပွဲဖြစ်ပွားရနေရာသို့ မန္တလေးနှင့် မတ္တရာမြို့အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပုံစာ − ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် မြကန်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ − Vomdy)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59863/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
ဗန်းမောက်တွင် ရပ်ကွက်တိုင်း စစ်သားသစ် ၃၀ စီပေးရန် စစ်ကောင်စီ၏မဟာမိတ် ရှမ်းနီတပ် SNA အမိန့်ထုတ်
----------------------------

စစ်ကောင်စီ၏မဟာမိတ်တပ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) သည် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့တွင် တစ်ရပ်ကွက်လျှင် တပ်သားသစ် ၃၀ ပေးရမည်ဟု အမိန့်ထုတ်ခဲ့သည်။

ပုံစာ -ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − SNA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59859/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
မာနယ်ပလောဌာနချုပ်နေရာ ပြန်သိမ်းသည့်တိုက်ပွဲတွင် KNU သုံ့ပန်း ၆ ဦးရရှိ
-------------------
မာနယ်ပလောဒေသကို ၁၉၇၅ ခုနှစ်တွင် KNU ၏ ဌာနချုပ်နေရာအဖြစ် တည်ထောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးကို အခြေစိုက်ခွင့်ပြုခဲ့သည်။

နဝတ စစ်အစိုးရသည် KNU တပ်ဖွဲ့များအတွင်း ဘာသာရေးပဋိပက္ခဖြစ်ရန် သွေးထိုးခဲ့ပြီး ၁၉၉၅ တွင် မာနယ်ပလောကို အလွယ်တကူ ရရှိသွားသည်။

နှစ်၃၀ နီးပါးကြာချိန်တွင် KNU တို့က၎င်းတို့၏ ဌာနချုပ်နေရာကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ - မာနယ်ပလောစခန်းတွင်တွေ့ရသည့် KNU နှင့် ပူးပေါင်းတပ်များ။ (ဓာတ်ပုံ- FFD Facebook)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59856/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
See more posts

View in Telegram