OWL MMSub (Main)

Movie Mmsub Links

View in Telegram

Recent Posts

Hitman 2 (2024) | Myanmar Subtitle

Review In Comment 💬


Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/26
Hitman: Agent Jun (2020)

IMDb Rating (6.4)

မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။

ဇာတ်လမ်းအကျဉ်းကတော့ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့်
သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က
ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ်
ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့
သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး
လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့…

အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ…။

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/25
Hitman: Agent Jun (2020) | Myanmar Subtitle

Review & Movie Link
https://t.me/owlmmsub/53
Green Room (2015) | Myanmar Subtitle

IMDB… 7/10
Rotten tomatoes… 90%Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါ

ဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာ
လူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်

ဒီကားဟာ 2015 ရဲ့ အကောင်းဆုံး ရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူးသွေးထွက်သံယိုတွေလည်း အတော်ပါပါတယ်တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယို ကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ်တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ်

Punk music တွေ Metal တွေ ကြိုက်တဲ့ သူတွေအတွက်တော့ ကောင်းပါတယ်ဒီကားရဲ့ Poster ကိုတောင် The Clash အဖွဲ့ရဲ့ London Calling Album cover နဲ့တူအောင်လုပ်ထားပါသေးတယ်ဒီကားရဲ့ အဓိက ဘာလဲဆိုတော့ Tension ပါပဲဇာတ်လမ်းအစကနေပြီး တစတစ Tension မြင့်လာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်ဒီ Green Room ဟာဆိုရင် တက်သစ်စသရုပ်ဆောင်တွေနဲ့ငွေအကုန်အကျသိပ်မသုံးဘဲရိုက်ထားတဲ့သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကားပါချုံပြောရရင်တော့ ဒီကားက မိုးအေးအေးလေးနဲ့ အပြင်လည်းသွားစရာမရှိရင်အိမ်ထဲမှာ စောင်လေးချုံပြီး ကြည့်သင့်တဲ့ Thriller ကားကောင်းလေးတစ်ခုပါပဲ

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/24
Green Room (2015) | Myanmar Subtitle

Review & Movie Link
https://t.me/owlmmsub/51
The Blair Witch Project (1999)

တောအကြောင်း ကြားဖူးနား၀ရှိသူတွေဆိုရင် တောကြီးမျက်မည်းထဲမှာ တောလည်တယ် တောခြောက်တယ် ဆိုတာမျိုး ကြားဖူးကြမှာပါ။

တောအလယ်ကြီးထဲ ဘယ်ကိုသွားသွား ဒီနေရာပဲ ပြန်ရောက်နေတာမျိုး၊ အသံဗလံတွေ ကြားရတာမျိုးပေါ့။The Blair Witch Project ဆိုတဲ့ ၁၉၉၉ ခုနှစ်ထွက် ဇာတ်ကားလေးမှာလည်း အဲဒီလိုမျိုးအကြောင်းအရာတွေကို အသားပေးရိုက်ကူးထားပါတယ်။

တောကြီးမျက်မည်းထဲမှာ မှတ်တမ်းရုပ်ရှင် သွားရိုက်ကူးကြတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။

သူတို့သုံးယောက်ဟာ မှတ်တမ်းရုပ်ရှင်အတွက် Black Hills ဆိုတဲ့တောကြီးထဲကို သွားကြရင်း ပျောက်ဆုံးသွားခဲ့ပြီး သူတို့ကျန်ခဲ့တဲ့ footage ကို ပြန်ပြသတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုရိုက်ကူးထားပါတယ်။

ဟယ်သာ၊ မိုက်ကယ်လ် နဲ့ ဂျော့ရှ်တို့ဟာ မှတ်တမ်းရုပ်ရှင်တစ်ပုဒ် ဖန်တီးဖို့ ကြိုးစားနေကြတဲ့ လူငယ်လေးတစ်စုပါ။ ဒီတစ်ခေါက် သူတို့ဖန်တီးဖို့ကြိုးစားတဲ့အကြောင်းအရာကတော့ The Blair Witch ( ဘလဲရ်စုန်းမ ) အကြောင်းပါ။

မြို့ခံလူတွေအကြား‌လည်း ဟိုးလေးတကျော်ကျော်ပေါ့။

ယုံတမ်းလိုလိုဖြစ်နေတဲ့ ဒီစုန်းမအကြောင်းကို သူတို့က မှတ်တမ်းရုပ်ရှင် ဖန်တီးဖို့ကြိုးစားရင်း Black Hills တောကြီးထဲကို ဖြတ်သန်းတဲ့အခါမှာတော့ လူငယ်သုံးယောက်က တစ်စတစ်စနဲ့ ထိတ်လန့်စရာတွေ တွေ့ကြုံလာရပါတော့တယ်။

ဒီတော့ သူတို့ သုံးယောက် ဖန်တီးဖို့ကြိုးစားနေကြတဲ့ ဘလဲရ်စုန်းမ ဆိုတာဟာ တကယ်ရှိသလား မရှိသလား၊ တောခြောက်တယ် တောလည်တယ်ဆိုတာဘာလဲ ဆိုတာ ဒီဇာတ်ကားထဲမှာ မျက်ဝါးထင်ထင် ‌တွေ့ရှိရမှာမို့ ကြည့်ရှုလိုက်ကြပါဦး။

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/23
The Blair Witch Project
Myanmar Subtitle

Review & Movie Link
https://t.me/owlmmsub/49
As Above, So Below (2014)

ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ Adventure/ Horror ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။

ရှေးဟောင်းခေတ်က သူတွေဟာ ထာဝရအသက်ရှင်ခြင်းကို အင်မတန်မှ လိုလားကြပါတယ်။

ဒါဟာ အခုခေတ်ကျွန်တော်တို့တွေလည်း ဘဝမှာ အနည်းဆုံးတစ်ခါတော့ စိတ်ကူးယဉ်ဖူးကြမှာပါ။မှော်ပညာတွေ အက္ခရိတ်ပညာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ထာဝရအသက်ရှင်ခြင်းပါပဲ။

ဒီလို ထာဝရရှင်သန်ခြင်းကို အက္ခရိတ်ပညာနဲ့ ရရှိခဲ့တဲ့ သူရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိပါတယ်အဲဒါကတော့ Nicolas Flamel ပါ သူဟာ ၁၄၁၈ ခုနှစ်မှာ သေဆုံးသွားပေမဲ့သူဖန်တီးခဲ့တဲ့ Philosopher Stone ဟာ ထာဝရအသက်ရှင်ခြင်းဒါမှမဟုတ် မီးတိုင်တစ်တိုင်ကို ထာဝရလင်းနေစေနိုင်တဲ့ အနှိုင်းမဲ့ စွမ်းအင်တွေ ပေးနိုင်တယ်လို့ယခုအချိန်ထိ ယုံကြည်နေကြသူတွေ ရှိပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ စကားလတ်ဆိုတဲ့ ရှေးဟောင်းသုသေသနပညာရှင်တစ်ယောက်ကသူ့အဖေရဲ့ မပြီးဆုံးခဲ့တဲ့ ဒီ Philosopher Stone ကို ရှာနေခဲ့ပါတယ်ဒီလိုရှာဖွေနေရင် သဲလွန်စ ရလာခဲ့တဲ့ အချိန်မှာတော့ ပဲရစ်မှာရှိတဲ့ Nicolas Flamel ရဲ့ အုတ်ဂူနဲ့ကျောက်စာက ဝှက်ထားတဲ့ စာတွေကိုဖော်ဖို့ဖြစ်လာပါတယ် ဒါပေမဲ့ ဒီရှေးဟောင်းစာပေကိုမဖတ်နိုင်တဲ့အတွက် စကားလတ်ရဲ့ မိတ်ဆွေဟောင်း ‌ဂျော့ဂျ်ကိုသွားခေါ်ပြီးပဲရစ်မြို့ရဲ့ မြေအေက်သင်္ချိုင်း catacomb တွေထဲမှာ ရှာပုံတော်ထွက်လာခဲ့ပါတယ်။

စကားလတ်တို့ philosopher stone ကိုရှာတွေ့သွားမှာလားလမ်းမှာ‌ရော ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့သွားရမလဲ ဆိုတာကိုဒီမြေအောက်သင်္ချိုင်းတွေထဲမှာ လိုက်ပါကြည့်ရှုရမှာပါဒီဇာတ်လမ်းဟာ Horror ဆိုပေမဲ့ Jump Scare တွေကို လိုအပ်သလောက်ပဲ သုံးထားပြီးဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်က ကင်မရာရိုက်ချက်တွေနဲ့ ဖြစ်တာကြောင့်တစ်ကားလုံးမှာ ကိုယ်တိုင် ပါဝင်လိုက်ပါနေရသလို ခြောက်ခြားမှုခံစားချက်အပြည့်ရမှာပါ။

Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့The Invisible Woman က မင်းသမီး Perdita Weeks တို့ ပါဝင်ထားကြတာမလို့ တကယ်ကို ကြည့်ရတာ တန်မှာပါ

The Only Way Out is Down

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/22
As Above, So Below (2014)
Myanmar Subtitle

Review & Movie Link
https://t.me/owlmmsub/47
Don’t look up (2021)

ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။

သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊
တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။

ဇာတ်လမ်းအကျဉ်း။

ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။

အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။
ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။
အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။
ခက်တာက သမ္မတက စောင်ပေါ။
နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။

သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။
အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း မီဒီယာတွေကနေ ကမ္ဘာပျက်တော့မယ်ဆိုတာ ယုံအောင်ကြိုးစားရတော့တာပေါ့။

ဆိုရှယ်မီဒီယာ အကြောင်းတွေ နိုင်ငံရေးအကြောင်းတွေကို ထိုင်လှောင်ထားတာ။
အူနာနေအောင်ကို ရယ်ရမယ့် ဟာသကားမျိုးပဲ။
ကြည့်လိုက်ကြပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။


Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/21
Don't Look Up (2021)
Myanmar Subtitle

Review & Movie Link
https://t.me/owlmmsub/45
Fight or Flight (2025)

IMDb Rating (6.5)

ဒီဇာတ်ကားထဲမှာတော့ တစ်ချိန်ကသရုပ်ဆောင်လောကမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ မင်းသားမင်းသမီဟောင်း​တွေကနေ တစ်ဖန်လက်စွမ်းပြထားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင် ၂၀၂၅ နှစ်ဆန်းပိုင်းမှာထွက်ထားတာဖြစ်ပေမယ့် IMDB 6.5 ရရှိထားပြီဖြစ်ပါတယ်။

ဇာတ်လမ်းဇတ်သွားကလည်း ပုံမှန်စပိုင်ကားတွေလိုမျိုးမဟုတ်ဘဲ ဇာတ်အိမ်လှည့်ထားတာတွေ ပါဝင်နေတဲ့အတွက် တကယ်ကြည့်သင့်တဲ့ B-rated ဇာတ်ကားတစ်ခုလို့ဆိုရမှာပါ။

ဇာတ်လမ်းအကျဉ်း

တစ်နေ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ သူလျှိုအဖွဲ့အစည်းပေါင်းများစွာကနေ အလိုရှိနေတဲ့ “The Ghost” /သရဲ လို့လူသိများတဲ့လူတစ်ယောက်ဟာ အမေရိကန်သူထောက်လှမ်းရေးတွေကို သမပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါကိုအေဂျင်စီကနေ လိုက်ပေမယ့် သရဲဟာ နည်းပညာပိုင်းထူးချွန်တဲ့ဟက်ကာတစ်ယောက်ဖြစ်နေတဲ့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့လုံးဝလိုက်ဖမ်းလို့မရပါဘူး။

ဒီလိုနဲ့ ကွင်းဆင်းနေတဲ့လူတွေကို လွှတ်ဖို့ကလည်း သရဲကိုတွေ့တဲ့နေရာက ဘန်ကောက်ဖြစ်နေတော့ အေဂျင်စီဘက်ကနေ လက်လှမ်းမမှီပါဘူး ။အမေရိကရဲ့ စင်္ကာပူကထောက်လှမ်းအခွဲကိုလည်း လွှတ်ဖို့ကြံတဲ့အချိန်မှာ လူမအားတာနဲ့ သရဲက အေဂျင်စီလက်ကနေလွတ်သွားဖို့ အကြောင်းဖန်လာပါတယ်။တစ်ချိန်မှာ လူးကတ်စ်ရေးယက်လို့ခေါ်တဲ့ သက်လတ်ပိုင်ယောက်ျားတစ​်ယောက်ဟာ အမေရိကအရာပိုင်တွေလက်နေ ထွက်ပြေးတိမ်ရှောင်နေရတဲ့သူတစ်ယောက်ပါ။သူ့ရဲ့ အတိတ်ဆိုးတွကြောင့် ၂ နှစ်တိုင်တိုင်ထွက်ပြေးတိမ်ရှောင်နေတဲ့သူကိုအေဂျင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဘရန့်ဆိုတဲ့သူက ဖုန်းဆက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဘရန့်နဲ့ရေးယက်တို့ကြားက ဆက်ဆ​ံရေးက ဘယ်လိုဖြစ​်နေခဲ့တာလဲ၊ရေးယက်ရဲ့ တကယ့်သရုပ​်မှန်ကကော ဘယ်လိုဖြစ်နေမလဲ၊ဒါ့အပြင် ကမ္ဘာတစ်ခွင်လိုက်ပြီးအဖျက်အမှောက်လုပ်နေတဲ့သရဲကရော အမှန်တကယ်ကျဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အပြည့်နဲ့ စိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/20
Fight or Flight (2025)
Myanmar Subtitles

Review & Movie Link
https://t.me/owlmmsub/43
Channel photo updated
The Battleship Island (2017)

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့

အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်… ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်…

ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki,
မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်…

ဇာတ်လမ်းအကျဉ်း

————–၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ…ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်…

ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ…ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်…

သူတို့တွေ ဒီကျွန်းကြီးပေါ်ကနေ အမှန်တကယ်ပဲလွတ်မြောက်သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Phyo Pa Pa Liwn ဖြစ်ပါတယ်…

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/18
The Battleship Island (2017)

Review & Movie Link
https://t.me/owlmmsub/40
Heart Eyes (2025)

IMDb Rating (6.5) / Rotten Tomatoes (80%)

ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။

တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။

ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။

အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။

ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ဘယ်သူလွတ်မလဲ၊ တရားခံဘယ်သူလဲဆိုတာ ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/17
Heart Eyes (2025)

Review & Movie Link
https://t.me/owlmmsub/37
Undercover Party Crasher (2025)

ဒီဇာတ်လမ်းထဲမှာကတော့ သူငယ်ချင်း‌ကောင်းဆိုတာကိုယ့်ဘဝမှဘယ်လောက်အရေးပါလည်းကိုအသားပေးရိုက်ကူးထားတာပါ။ဘယ်အလုပ်နယ်ပယ်ချင်းမတူညီပါစေ ကိုယ်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတစ်ယောက်ရှိနေတာက တကယ့်ကိုဘဝကပေးတဲ့လက်ဆောင်ပါပဲ။ဇာတ်လမ်းရဲ့အဓိက‌ဇာတ်ဆောင်မင်းသမီး ဒန်နီစ်က ဖခင်ဖြစ်သူရဲမှူးကြီးရဲ့ ထိန်းချုပ်မှုနဲ့နေနေရတဲ့သူပါ သူကသူ့ဖခင် အထင်ကြီးအောင်လို့နည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ နောက်ဆုံးအလွဲလွဲအ‌ေချာ်ချော်ပဲဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့တနေ့မှာသူတို့နှစ်အကြာကြီးလိုက်နေတဲ့ လက်နက်မှောင်ခိုသမားကိုဖမ်းဖို့မစ်ရှင်လုပ်‌နေရင်း ဒန်နီစ့်ရဲ့စိတ်လောမှုကြောင့်နဲ့ ရာဇဝတ်သားကလွတ်သွားပါတယ်။ဒါပေမဲ့ရာဇဝတ်သားက လက်နက်တွေရဲ့တည်နေရာကို ရဲတွေတောင်ထိလို့မရနိုင်တဲ့သူတစ်ယောက်ဆီအပ်ထားခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ သူ့ကြောင့်ပျက်စီးသွားတဲ့မစ်ရှင်ကို အဖက်ဆယ်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါမှာ ဝရမ်းပြေးမှာသမီးလေးတစ်ယောက်ရှိနေပြီးတော့ အဲဒီကလေးမဆီမှာပါတည်နေရာတွေရှိလောက်တယ်ဆိုပြီး သူကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လို့အယောင်ဆောင်ပြီးစုံစမ်းပါတော့တယ်။ဒီလိုနဲ့ကြုံတွေ့လာရတာတွေကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကြည့်လို့ကောင်းတဲ့ကားလေးတစ်ခါဖြစ်တာမို့ ကြည့်ရှုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ကောင်မလေးအလန်းလေးတွေအများကြီးနဲ့မို့ ကြည့်ရတာတန်တဲ့ကားလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Minhtike ဖြစ်ပါတယ်။)

Channel Link ကို အရင် Join ပါ
https://t.me/+SRHk-fNtJpMyMzBl

Movie Link
https://t.me/c/2295191495/16
Undercover Party Crasher (2025)

Review & Movie Link
https://t.me/owlmmsub/35
See more posts

View in Telegram