RFA Burmese
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Recent Posts
အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် သုံးဦးကို လုပ်ကြံမှုနဲ့ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
~~~
■ ရန်ကုန်တိုင်းအတွင်း မိုင်းဖောက်ခွဲမှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတစ်ဦးအပါအဝင် သုံးဦးကို လုပ်ကြံမှုနဲ့ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ရှစ်ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
သူတို့ ရှစ်ဦးဟာ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ အင်းစိန်မြို့နယ်က ရာအိမ်မှူးတစ်ဦးကို လုပ်ကြံတာ၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ လှိုင်သာယာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို လုပ်ကြံတာ၊ ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ စမ်းချောင်းမြို့နယ်က ပန်းလှိုင်မိသားစုဆေးခန်းရှေ့မှာ မိုင်းထောင်ဖောက်ခွဲတာတွေ ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
—-
စစ်ကောင်စီမှ ဖမ်းဆီးထားသူများ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံအား တွေ့ရစဉ်။ (Photo : Myanmar Military)
#ဖမ်းဆီး #ရန်ကုန် #rfaburmese#လွတ်လပ်တဲ့အာရှအသံ

အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးအပါအဝင် သုံးနေရာကို ထားဝယ်အဖွဲ့ တိုက်ခိုက်
~~~
■ တနင်္သာရီတိုင်း ထားဝယ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးတွေအိမ်ယာနဲ့ အစိုးရအဖွဲ့ရုံး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို ဒေသအခြေစိုက် ပူးပေါင်းတပ်ဖွဲ့တွေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးကို တစ်ကြိမ်၊ ဝန်ကြီးတွေအိမ်ယာကို နှစ်ကြိမ်နဲ့ ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) ကို တစ်ကြိမ် စုစုပေါင်း လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ ၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ Ba Htoo Army၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
___
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo : TPLF)

စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံး
~~~
■ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က အနန်းကွင်းဗျူဟာစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော် သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ ပူးပေါင်းအဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃ဝရက်နေ့ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ S.O.F က သတင်းထုတ်ပြန်ထားပါတယ်။
လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်၊ Y 12 လေယာဉ်နဲ့ တစ်ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ် ၁၅ဝ လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် သေဆုံးခဲ့ပြီး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၃ဝ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ဒီတိုက်ပွဲကာလအတွင်း တော်လှန်ရေးအဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစခန်းကနေ ထွက်ပြေးလာပြီး ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။ အနန်းကွင်းဗျူဟာစခန်းဟာ စစ်ကောင်စီရဲ့ အဓိကကျတဲ့ စခန်းတွေထဲက တစ်ခုဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေ များနေပြီး ရိက္ခာတွေ လျော့နည်းလာတယ်လို့လည်း KNU က ဆိုပါတယ်။
အနန်းကွင်းဗျူဟာစခန်းကို စစ်ကောင်စီက Y 12 လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကူလာတဲ့ စစ်ကြောင်းတွေကိုလည်း ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် အနန်းကွင်းဗျူဟာစခန်းကို မရောက်နိုင်ဘဲဖြစ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်အရ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့အထိ ခုနစ်ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ ဦးသေဆုံးခဲ့သလို ၇၅ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ PDF ဗျူဟာ ၃၂၊ ဗိုလ်တာပေါ ဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်တိုက်ပွဲဖြစ်နေတယ်လို့လည်း တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။
___
မြဝတီ-ကော့ကရိတ် အာရှလမ်းမတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲတွေက သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တောင်ပိုင်းစစ်ဒေသမှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ : တောင်ပိုင်းစစ်ဒေသ)
# အနန်းကွင်း #KNLA#PDF#rfaburmese#လွတ်လပ်တဲ့အာရှအသံ
RFA Burmese Website တွင် ဖတ်ရှုရန်…

တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးကြောင်း BWM ထုတ်ပြန်
~~~
■ ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဇန်နဝါရီလ ၄ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိအဆင့် သုံးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၁၂ လုံးမှာ ၁၀ လုံးထိမှန်ပေါက်ကွဲတယ်၊ အတွင်း ဖရဲသီးသတင်းရင်းမြစ် သုံးဦးရဲ့ သတင်းပေးပို့တာပါ၊ ဦးစီးအရာရှိ တစ်ဦးအပါအဝင် အရာရှိအဆင့် သုံးဦးနဲ့ အခြားအဆင့် လေးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်”
ဒါ့အပြင် K8 လေယာဉ်နှစ်စီး၊ လေတပ်အုပ်ချုပ်ရေးရုံး၊ အရာရှိရိပ်သာနဲ့ လေယာဉ်ဂိုဒေါင်ရှေ့က ပြေးလမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံး၊ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တောင်ငူလေတပ်စခန်းဟာ နိုင်ငံတစ်ဝန်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းဖြစ်တဲ့အပြင် အာဏာရှင်လက်အောက်က ပြည်သူတွေလွတ်မြောက်ရေး အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာလို့ BWM က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Brave Warriors for Myanmar (BWM) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ တောင်ငူလေတပ်စခန်းကို ဒါ ခြောက်ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
___
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်။ (Photo : Citizen Photo)
#တောင်ငူလေတပ် #BWM #၂၀၀၈ #rfaburmese#လွတ်လပ်တဲ့အာရှအသံ

နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်မံဖိတ်ခေါ်
~~~
■ စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖိတ်ခေါ်လိုက်တာပါ။
လက်နက်ကိုင်တောင်းဆိုနေတာတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်နေပေမဲ့NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ NCA မှာပါတဲ့ ကတိကဝတ်တွေကို မလိုက်နာဘဲ ချိုးဖောက်နေတာတွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။
စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းဖိတ်ခေါ်နေတယ်လို့ ပြောနေပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးနေ့မှာပဲ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သကျင်ရွာ၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က စစ်ဘေးဒုက္ခသည်စခန်းတို့မှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဒါအပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောထားပါတယ်။
----
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ (Photo : Myanmar Military)
#စစ်ခေRFA Burmese Website တွင် ဖတ်ရှုရန်… ါင်းဆောင် #ဖိတ်ခေါ် #rfaburmese#လွတ်လပ်တဲ့အာရှအသံ

သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံခံရမှု NUG ဖော်ထုတ် အရေးယူမည်
~~~
■ စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်က ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာ မတရား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးမယ်လို့ NUG က ဇန်နဝါရီ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အမှန်တရားဘက်ကနေ ရပ်တည်ပြီး တိုင်းပြည်နဲ့ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တိတိကျကျ အဂတိကင်းကင်းလုပ်နေတဲ့ ဦးအရိန္ဒမာကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကဖြစ်စေ လုပ်ကြံသတ်ဖြတ်တာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီလ၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကောလင်းမြို့နယ် ရွှေတွင်းနဲ့ ရှမ်းကလုံးကျေးရွာအစပ်မှာ ဦးအရိန္ဒာမာ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလို့ NUG သယံဇာတဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိပါတယ်။
NUG သယံဇာတဝန်ကြီးဌာန အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရတာဖြစ်ပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူလွန်စွာကြေကွဲဝမ်းနည်းရတယ်လို့လည်း ဖော်ပြပါတယ်။
အစောပိုင်းမှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးတယ်လို့ သတင်းရခဲ့ပေမဲ့ စုံစမ်းစစ်ဆေးတဲ့အခါ သေနတ်ပစ်ခံရတဲ့အကြောင်း NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့လူမှုကွန်ယက်မှာ ဇန်နဝါရီ ၂ ရက်နေ့က ရေးသားပါတယ်။
ဦးအရိန္ဒာမာဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အရာရှိတစ်ယောက်ဖြစ်ပြီး သေဆုံးချိန်မှာ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။
___
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo : Kawlin Revolution – KR)
#NUG#ကောလင်း #rfaburmese#လွတ်လပ်တဲ့အာရှအသံ

တိုင်းရင်းသားခေါင်းဆောင် အပါအဝင် ၂၄၉ ယောက်ကို စစ်ကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
~~~
■ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ကျင်းပတဲ့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် လူ ၂၄၉ ယောက်ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန် (ပထမအဆင့်) ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။
လက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၊ မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကစတာတွေ အပါအဝင် အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေကို ချီးမြှင့်တာပါ။
ဆုချီးမြှင့်ကြောင်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကြေညာတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့သူတွေကို ချီးမြှင့်တာလို့ စစ်ကောင်စီအမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ရှမ်းပြည်နယ်က ဦးရေအများဆုံးဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံ ခေါ်ယူခဲ့ပြီး ၁၄ နှစ်အကြာ ၂၀ဝ၈ ခုနှစ်မှာ ညီလာခံက အပြီးသတ်ခဲ့ပါတယ်။
အဲဒီနောက် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးစ ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့က ၁၉၉၃ ကျိုက္ကဆံကွင်းမှာလုပ်တဲ့ အမျိုးသားညီလာခံမှာ ပါဝင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သပိတ်မှောက်ခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းတာနဲ့ ဆက်စပ်ပြီး စစ်အစိုးရက SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ၈၅ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၄ စက်တင်ဘာမှာ ကျင်းပတဲ့ ငွေဆောင်ဆွေးနွေးပွဲနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ အောက်တိုဘာက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ဦးစိုင်းညွန့်လွင်တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပေမဲ့ ခုထိ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲထားပါတယ်။
___
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က မန္တလေးမြို့၊ မနော်ရမ္မံကွင်းမှာ ဆန္ဒပြ တောင်းဆိုနေစဉ်။(Photo : RFA)
#ဂုဏ်ထူးဆောင်ဘွဲ့#စစ်ကောင်စီ #၂၀၀၈ #rfaburmese#လွတ်လပ်တဲ့အာရှအသံ

Live stream finished (15 minutes)
Live stream started
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပြန်လွတ်
~~~
■ နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၅၉၀၀ နီးပါးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဲဒီထဲမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် နိုင်ငံရေး အကျဉ်းသား ခြောက်ရာနီးပါး ပါတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ အရေအတွက်နဲ့ ယှဉ်ရင် နိုင်ငံရေး အကျဉ်းသားပြန်လွတ်တဲ့ဦးရေ နည်းတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ထောက်ပြကြပါတယ်။ သတင်းအပြည့်အစုံကို ကိုဂျေက တင်ပြထားပါတယ်။
____________
#နိုင်ငံရေးအကျဉ်းသား #ပြန်လွတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

မြို့သိမ်းတိုက်ပွဲသတင်းကြောင့် တီးတိန်မြို့ခံတချို့ နေရပ်စွန့်ခွာ
~~~
■ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့က ဒေသခံတွေဟာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာမှာစိုးရိမ်တာကြောင့် မြို့ခံတချို့ နေရပ်စွန့်ခွာသွားကြတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၄ ရက် ဒီနေ့ပြောပါတယ်။
တီးတိန်မြို့နဲ့ မိုင် ခုနစ်ဆယ်၀န်းကျင်ဝေးတဲ့ ဖလမ်းမြို့မှာ ချင်းညီနောင်တပ်တွေက မြို့ကို သိမ်းပိုက်ဖို့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပြီး တီးတိန်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲမယ်လို့ ချင်းညီနောင် တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောထားပါတယ်။
ဒါကြောင့် တီးတိန်မြို့ဒေသခံတွေဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး တန်ဖိုးကြီးပစ္စည်းတွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီတပ်စခန်းအနီးက ဒေသခံတချို့လည်း နေရပ်စွန့်ခွာထွက်ပြေးကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
_________
တီးတိန်မြို့ပေါ်ရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
#မြို့သိမ်းတိုက်ပွဲ #နေရပ်စွန့်ခွာ #တီးတိန် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူ သုံးသန်းခွဲ နေရပ်က ရွှေ့ပြောင်းရ
~~~
■ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ လူ သုံးသန်းခွဲ နေရပ်က ရွှေ့ပြောင်းရပြီး လူသားချင်းစာနာရေး အခြေအနေက ပိုဆိုးဝါးလာနိုင်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့က သတိပေးလိုက်ပါတယ်။
ဒီဦးရေဟာ မနှစ်ကထက် တစ်သန်းခွဲ ပိုများလာတယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဖော်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့နဲ့ သဘာဝသယံဇာတ အကျိုးအမြတ်ကို ထိန်းချုပ်ဖို့ လွတ်လပ်ရေးရချိန်ကစပြီး စစ်တပ်နဲ့ တိုက်ပွဲဝင်နေကြတာပါ။
နိုင်ငံဒေသအများစုမှာ ပဋိပက္ခကျယ်ပြန့်သွားပြီး လုံခြုံရေးနဲ့ အခြေခံ လိုအပ်ချက်ပြည့်မီဖို့ လူတွေ နေအိမ်တွေကနေ ထွက်ပြေးရတာ စံချိန်တင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ထိ မြန်မာနိုင်ငံတစ်ဝန်းက လူ သုံးသန်းခွဲကျော် နေရပ်က ရွှေ့ပြောင်းရတယ်လို့ UNOCHA က ခန့်မှန်းပါတယ်။ ဒါဟာ စုစုပေါင်း လူဦးရေ ၅၇ သန်းရဲ့ ခြောက်ရာခိုင်နှုန်းကျော်ရှိပြီး ဒီထဲက သုံးပုံတစ်ပုံက ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ဒီဇင်ဘာကုန်ခါနီးနေ့ရက်တွေမှာ လေကြောင်းက တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ အမြောက်နဲ့ ပစ်ခတ်တာ၊ ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်ပြီး တရားလက်လွတ် ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
_________
စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
#လက်နက်ကိုင်ပဋိပက္ခ #နေရပ်စွန့်ခွာ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ
~~~
■ ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့က ရပ်ကွက်တချို့မှာ ပျော်ပွဲ ရွှင်ပွဲတွေလုပ်တာ တွေ့ရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ရပ်ကွက်တွေမှာ စည်စည်ကားကားနဲ့ ပျော်ပွဲ ရွှင်ပွဲ လုပ်ကြပေမဲ့ အခုနောက်ပိုင်းမှာ ကလေးငယ်တွေအတွက်လောက်ပဲ ပွဲကျင်းပတာတွေ ရှိပါတယ်။
_________
ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
#လွတ်လပ်ရေးနေ့ #ပျော်ပွဲရွှင်ပွဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese