The Irrawaddy – Burmese
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.
burma.irrawaddy.com
Recent Posts
စစ်တပ်တွင် ခေါင်းဆောင်မှုပညာ အလွန်အရေးကြီးဟု စစ်ခေါင်းဆောင်ပြော
ဧရာဝတီ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄
စစ်တပ်တွင် ခေါင်းဆောင်မှုပညာရပ်အလွန်အရေးကြီးပြီး စစ်ဘက်ခေါင်းဆောင်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝရန်နှင့် မိမိဦးဆောင်သည့်အဖွဲ့အစည်း၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှအား မှန်မှန်ကန်ကန် ဦးဆောင်စီမံခန့်ခွဲကြရန်လိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့က ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စစ်တပ်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါပင်ကိုယ်ဗီဇဟု ယခင်က သတ်မှတ်ကြသော်လည်း ယခုအခါ လေ့ကျင့်ယူနိုင်သော အရည်အသွေးအဖြစ် သတ်မှတ်လာကြပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
တပ်ခေါင်းဆောင်တဦးအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာနှင့် အဆင့်မြင့်နည်းပညာများအား နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် စဉ်ဆက်မပြတ် လေ့လာသုတေသနပြု တီထွင်နေရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ခေတ်သစ်စစ်ပွဲများတွင် အင်အားထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးလာပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒများ၌ နည်းပညာအခန်းကဏ္ဍသည် အလွန်အရေးပါသည့်အနေအထားရောက်ရှိလာသည်ကို တွေ့ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ခေတ် စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ဉာဏ်ရည်တုနည်းပညာ(AI) ပိုမိုအသုံးပြုလာပြီး မျက်မှောက် ခေတ်စစ်မြေပြင်သည် သတင်းအချက်အလက်နည်းပညာကို အခြေခံပြီး Digitalized Battle Field အသွင်ဆောင်လာနေခြင်း ကြောင့် သတင်း အချက်အလက်နည်းပညာများအား ခေတ်နှင့်အညီ စဉ်ဆက်မပြတ်လေ့လာရန်နှင့် စစ်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး တိုက်ပွဲဝင်အသင့်ဖြစ်သည့် အင်ဂျင်နီယာအရာရှိကောင်းများဖြစ်ရေး ကြိုးပမ်းကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသွားသည်။
ယခုအခါ စစ်အာဏာရှင်အမြစ်ဖြတ်ရေး တိုက်ပွဲများတွင် အဆင့်မြင့်တိုက်ခိုက်ရေးဒရုန်းများ၏ အခန်းကဏ္ဍသည် ကြီးမားနေပြီး တော်လှန်ရေးအင်အားစုများသာမက စစ်တပ်ကပါ ဒရုန်းစစ်ဆင်ရေးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။
လက်ရှိတွင် စစ်တပ်သည် မြို့ရွာများတခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့်ပတ်သက်ပြီး စစ်တပ်ထောက်ခံသူများအကြား ဝေဖန်မေးခွန်းထုတ်မှုများ ရှိနေသည်။
ပုံစာ-ပြင်ဦးလွင်တွင် ယမန်နေ့က ပြုလုပ်သော နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲနှင့် ညစာ စားပွဲ/ CINCDS
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

နခခ (၅) ကို ဘယ်လိုသိမ်းခဲ့သလဲ (ရုပ်/သံ)
ဧရာဝတီ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးတော့ မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်၊၊
ဒီတိုက်ပွဲကို AA က ၅၅ ရက်ကြားတိုက်ပွဲဆင်နွှဲခဲ့ရတယ်လို့သိရပြီး နောက်ဆုံးမှာတော့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီကလက်နက်တပ်ဆင် လေ့ကျင့်သင်ကြားပေးတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်၊၊
မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ရေးအရ အရေးကြီးတဲ့တပ်စခန်းတခုဖြစ်တဲ့ နခခ - ၅ ကို စစ်ကောင်စီအနေနဲ့ ဘယ်လိုခုခံခဲ့သလဲ၊ AAအနေနဲ့ဘယ်လိုထိုးစစ်ဆင်ခဲ့သလဲဆိုတဲ့ အချက်တွေအပါအဝင် နောက်ဆက်တွဲအခြေအနေတွေကို AAရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ဆက်သွယ်မေးမြန်းထားပါတယ်၊၊
https://youtu.be/V0CgsPqKseE
#မြန်မာ #ဧရာဝတီ #နခခ၅#မောင်တော #ရခိုင်ပြည်နယ် #AA#ဗိုလ်မှူးချုပ်သူရိန်ထွန်း
---------------------

ဒီမိုကရေစီကာကွယ်ရေး ကိုရီးယားပြည်သူများနှင့် အတူ ရပ်တည်ကြောင်း မြန်မာများ ထုတ်ပြန်
ဧရာဝတီ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄
ဒီမိုကရေစီကာကွယ်ထိန်းသိမ်းသော ကိုရီးယားပြည်သူများ၏ လှုပ်ရှားမှုနှင့် ဆန္ဒအပေါ် တသားတည်း ရပ်တည်နေကြောင်း ကိုရီးယားရောက်မြန်မာအဖွဲ့အစည်း ၃၂ ဖွဲ့နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)တို့က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
ကိုရီးယားသမ္မတက ဒီဇင်ဘာ ၃ ရက်ညပိုင်းတွင် ရုတ်တရက် အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာမှုအပေါ် လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်ဖြင့် နာရီပိုင်းအတွင်း ပယ်ဖျက်နိုင်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူအများအပြားကလည်း သမ္မတနုတ်ထွက်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီသမိုင်းသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အလေးထားရသော နှုန်းစံကောင်းတခု၊ လမ်းပြကောင်းတခုဖြစ်ပြီး မြန်မာပြည်သူများသည် ကိုရီးယားကဲ့သို့ ဒီမိုကရေစီတော်လှန်ရေးအား တိုက်ပွဲဝင်နေကြဆဲ ဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက ဆိုထားသည်။
လက်ရှိပြည်သူ့အာဏာကို အဓမ္မသိမ်းယူခဲ့သည့် စစ်ကောင်စီသည် အာဏာသိမ်းမှုခိုင်မာစေရေး ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်နေသကဲ့သို့ နိုင်ငံလူဦးရေ၏ သုံးပုံတပုံမှာလည်း စစ်ဘေးရှောင်များအဖြစ် အသက်ရှင်သန်ရေး ခြိမ်းခြောက်ခံနေရကြောင်း ၎င်းတို့က ပြောထားသည်။
ထိုဆိုးဝါးလွန်းသည့်အခြေအနေများအား ကြံ့ကြံ့ခံရင်း စစ်အာဏာရှင် အမြစ်ပြတ်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေး မြန်မာပြည်သူများ၏ ကြိုးပမ်းမှုသည် ကိုရီးယား ပြည်သူများ၏ ထောက်ခံမှုနှင့် အထောက်အပံ့ကောင်းများကြောင့် အကျိုးကျေးဇူးများစွာရရှိနေကြောင်းလည်း ၎င်းတို့က ဆိုသည်။
ကိုရီးယားရောက်မြန်မာများအနေဖြင့် ကိုရီးယားပြည်သူများနှင့်အတူ မြန်မာနှင့် ကိုရီးယားအပါအဝင် အာရှ၏ ဒီမိုကရေစီကာကွယ်ရေး လှုပ်ရှားမှုများ ဆောက်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အဆုံးအထိ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောထားသည်။
ပုံစာ- ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့ ယခုနိုဝင်ဘာ ၁၀ ရက်က တရုတ်အစိုးရဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များနှင့် ကိုရီးယားရောက် မြန်မာများ ဆန္ဒထုတ်ဖော်စဉ်/ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယား

ယခု ပွင့်လင်းရာသီအတွင်း စစ်ကောင်စီဘက်က စစ်ဆင်ရေးဆိုင်ရာ ဆောင်ရွက်လာနိုင်သည့် အခြေအနေကို ခန့်မှန်းမည်ဆိုပါက ပုံမှန်ဆောင်ရွက်နေကျ စစ်ဆင်ရေးလမ်းဖောက်၊ ရိက္ခာစုပုံဖို့ပင် မလွယ်ကူနိုင်သည်ကို တွေ့ရသည်။ အားသာမှုရှိသည့် လေကြောင်းကို အဓိက အသုံးပြုကာ ထိုးစစ်ဆင်နွှဲခြင်း၊ ခံစစ်ဆင်ခြင်းတို့ ပြုလုပ်လာနိုင်သည်ဟု ယူဆရသည်။
Website တွင် ဖတ်ရန် https://bit.ly/4gxYD6w
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

လုပ်ရပ်တွေ ပြောင်းပြန်ပြောတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)
ဧရာဝတီ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အဂတိလိုက်စားမှု စတဲ့အကြောင်းအရာတွေကို မြေပြင်နဲ့ ကင်းကွာပြီး ပြောင်းပြန်တွေ ပြောဆိုနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြပါတယ်။
တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာကြောင့်၊ တန်းတူအခွင့်အရေးရရှိဖို့နဲ့ အေးချမ်းစေဖို့ တိုင်းရင်းသားလူမျိုးတွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေကို ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ (၇၆) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားမှာလည်း ပြည်ပဩဇာခံ မီဒီယာသမားတွေဟာ ပြည်သူ လူထုကို သတင်းတု၊ သတင်းမှားတွေနဲ့ ပြည်သူတွေ အမြင်မှားလာအောင်လုပ်ဆောင်နေကြတယ်လို့လည်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာလည်း စစ်ခေါင်းဆောင်ဟာ အဂတိလိုက်စားမှု ကျူးလွန်သူတွေကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့လည်း ပြောဆိုခဲ့တာပါ။
https://youtu.be/WyPk0GlG_a8
#မြန်မာ #ဧရာဝတီ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #လူ့အခွင့်အရေး #အဂတိ #သတင်းမီဒီယာ

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို၏ ရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း သေကြောင်းကြံစည်သည့် သတင်းများနှင့်အတူ "နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မယ်" ဟု သူပြောသည်။ "သူတို့ ကျနော့်ကို စွဲချက်တင်တင် စုံစမ်းစစ်ဆေးမှု လုပ်လုပ် ကျနော် ပြတ်ပြတ်သားသား ရင်ဆိုင်မယ်" ဟု ရုပ်မြင်သံကြားတွင် သူပြောသည်။
Website တွင် ဖတ်ရန် https://bit.ly/3ZQNeZO
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/3ZQNeZO
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စခန်းထဲ တပ်ဖွဲ့ဝင်အချို့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့က နဂိုကတည်းက လက်နက်ချချင်တာ။ ဒါပေမယ့် သူတို့ရဲ့ တပ်မမှူး သူရိန်ထွန်းကနေ လက်နက်ချဖို့ ပြင်ဆင်တဲ့တချို့ကို ပစ်သတ်ခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ လက်နက်ချခွင့် မရဘဲနဲ့ အဲဒီအထဲမှာ ပိတ်လှောင်ပြီးမှ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်
Website တွင် ဖတ်ရန် https://bit.ly/3VCwTW5
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/3VCwTW5
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လက်ရှိ မန္တလေး PDF အဖွဲ့လည်း မတ္တရာအနောက်ခြမ်းကို ဝင်နေပြီလို့ ပြောလို့ ရတာပေါ့။ မတ္တရာ အနောက်ခြမ်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်နိုင်ပြီးမှ ပါလာတာပါ။ အရင်က ထဲထဲဝင်ဝင် ပါတာမဟုတ်ဘူး အခုမှ ပါလာတာ။ ဒီလိုမျိုး တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းနိုင်တာ ကောင်းပါတယ်။ အဓိက ကျနော်တို့ လုပ်နေတာက စစ်အာဏာရှင် လက်အောက် လွတ်မြောက်ဖို့ပဲလေ
Website တွင် ဖတ်ရန် https://bit.ly/4gxAwEM
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/4gxAwEM
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ချင်းညီနောင်တို့ မင်းတပ် ခလရ၂၇၄ ဌာနချုပ်ကို ထိုးစစ်ဆင်
ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄
ချင်းညီနောင်အဖွဲ့ (Chin Brotherhood) သည် ယနေ့တွင် မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ အမှတ် ၂၇၄ ခြေလျင်တပ်ရင်း (ခလရ ၂၇၄) ဌာနချုပ်ထဲထိ ဝင်ရောက်ထိုးစစ်ဆင်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ရှိ စစ်တပ်စခန်းများနှင့် တပ်စွဲထားသောနေရာများကို ချင်းညီနောင်အဖွဲ့မှ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး အချိန် ၁ လကျော်ရှိလာချိန်၌ ခလရ ၂၇၄ ဌာနချုပ်အတွင်းထိပါ ဝင်ရောက်နိုင်ခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံတဦးက ပြောသည်။
စစ်ကောင်စီက ဌာနချုပ်မကျရေးအတွက် ယနေ့ နံနက်ပိုင်းတွင် လေယာဥ် ၄ စီးဖြင့် ပစ်ကူပေးတိုက်ခိုက်မှုများတောက်လျှောက် ပြုလုပ်ပေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိမင်းတပ်မြို့သိမ်းစစ်ဆင်ရေး အခြေအနေများနှင့်ပတ်သက်၍ မင်းတပ် CDF တာဝန်ရှိသူထံ မေးမြန်းရာ တိုက်ပွဲများ ပြင်းထန်နေကြောင်းသာ အတည်ပြုသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီသည် ခလရ ၂၇၄၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ အချက်အချာကျသည့်နေရာများ၌ အထိုင်ချတပ်စွဲထားပြီး၊ ချင်းညီနောင်အဖွဲ့အနေဖြင့် နေရာအများစုကို သိမ်းပိုက်ရရှိထားသလို တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများလည်း ရှိကြောင်း မင်းတပ်မြို့ခံတဦးက ပြောသည်။
မင်းတပ်မြို့ကို စစ်ကောင်စီက ကုန်းလမ်းဖြင့် ရိက္ခာ၊ စစ်ကူ မပို့ဆောင်နိုင်သည်မှာ နှစ်ချီကြာနေပြီဖြစ်သော်လည်း မြို့သိမ်းစစ်ဆင်ရေးမတိုင်မီ လေကြောင်းမှ ရိက္ခာ၊ အင်အားများ တောက်လျောက်ပို့ဆောင်ပေးနေသဖြင့် လက်ရှိတွင် အင်အား ၇၀၀ နှင့်အထက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ- Ĥkl Mindat

ဖာပွန်က လက်နက်ကြီး အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)
ဧရာ၀တီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အထိုင်စခန်းတွေ ဖြစ်တဲ့ တောင်သုံးလုံးစခန်း နဲ့ ဆင်စွယ်တပ် စခန်းတွေကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်စခန်းတွေဟာ ဖာပွန်-ကမမောင်းလမ်းပန်းဆက်သွယ်ရေးမှာ အဓိကကျတဲ့ စခန်းတွေဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်းတွေ ဖြစ်တယ်လို့ တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စခန်းသိမ်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီရဲ့ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက် ၄၀ ကျော်နဲ့ ခဲယမ်းများစွာ သိမ်းဆည်း ရမိခဲ့ပါတယ်။
https://youtu.be/F3psEgBo5GI
#မြန်မာ #ဧရာဝတီ #ဖာပွန် #တောင်သုံးလုံးစခန်း #ဆင်စွယ်တပ်စခန်း #KNLA

စစ်ရှုံးချိန် ပွဲတက်မပျက်တဲ့ စစ်ခေါင်းဆောင် ဝေဖန်ခံနေရ (ရုပ်/သံ)
ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီအတွက် စစ်ရေး၊ နိုင်ငံရေး၊ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်က တပ်စခန်းတွေအားလုံးနဲ့ မောင်တောမြို့က အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ချိန် စစ်ခေါင်းဆောင်ဟာ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းက အမျိုးသား အားကစားပွဲတော်ကို တက်ရောက်ခဲ့တာကြောင့် စစ်တပ်ထောက်ခံသူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရှမ်းပြည်မြောက်ပိုင်းက သီပေါမြို့၊ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့၊ ကချင်ပြည်နယ် ချီဖွေမြို့၊ ဆော့လော်နဲ့ ပန်ဝါဒေသမှာရှိတဲ့ တပ်စခန်းတွေကို တိုင်းရင်းသား တော်လှန်ရေးတပ်တွေက ဆက်တိုက်ဆိုသလို သိမ်းပိုက်နေပေမယ့် စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာ ကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တက်ရောက် ကြည့်ရှုပြီး ပွဲတက်မပျက် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ စစ်ရှုံးနေပြီး မြို့ပေါင်း ၈၀ ကျော်ကို လက်လွှတ် ဆုံးရှုံးထားရတဲ့ စစ်ကောင်စီအနေနဲ့ အခုလို ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပနေတာ၊ စစ်ခေါင်းဆောင်အနေနဲ့ အခမ်းအနားဖွင့်ပွဲတွေ တက်ရောက်တာတွေဟာ စစ်တပ် မပြိုကွဲဖို့ စစ်ကောင်စီ လုပ်ဆောင်နေတဲ့ တပ်တွင်း စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်နိုင်တယ်လို့လည်း စစ်တပ် အရာရှိဟောင်းတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
https://youtu.be/2Yum64m_Gkw
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #နခခ၅#ရခိုင်ပြည်နယ် #မောင်တော