Z Fighter News [⌨︎]

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑

→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 – @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 – https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Recent Posts

လင်းဖာစစ်ရှောင်စခန်းရှိ စ-စ်ရှောင်နေအိမ်များကို မြေပိုင်ရှင်က နေခွင့်မပေးတော့တဲ့အတွက် မြေနေရာအသစ်ကို ပြောင်းရွေ့နေရပြီး အိမ်ဆောက်ရန် အခက်အခဲကြုံနေရ

🔰 Z Fighter February 15 🔰

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်က တစ်ကြိမ် ဇန်နဝါရီလက တစ်ကြိမ် မြေပိုင်ရှင်က ဆက်လက်နေထိုင်ဖို့ တစ်လလျှင် ရူပီး ၅၀၀၀ ပေးမှသာ နေထိုင်ခွင့်ပြုတော့မယ်လို့ ဆိုတာကြောင့် နေရာအသစ်ကို ရှာဖွေကာ ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခု အသစ်ဆောက်တဲ့နေရာက မြေပိုင်ရှင်အသစ်နောက်တစ်ယောက်က ခွင့်ပြုပေးတာပါ။ အခကြေးငွေ မပေးရပါဘူး။ ကျေးရွာတာဝန်ခံ VCP (Village Council President) တွေဆီကိုလည်း အကြောင်းထားပြီးပြီ။” လို့ လင်းဖာစစ်ရှောင်စခန်းတာဝန်ခံက CJ Platform ကို ပြောပါတယ်။[CJ Platform][Z-F]

ပုံစာ - မီဇိုရမ်ပြည်နယ် လင်းဖာကျေးရွာ စစ်ရှောင်စခန်းပုံ

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-138

#Adm_5
#CJPlatform
#z_fighter
မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည် ဆောက်နေဆဲ

🔰 Z Fighter February 15 🔰

"ကျောက်ခက်ထဲမှာတော့ အဆောက်အအုံအသစ်တွေအများကြီးပဲ ဆောက် လုပ်နေတာ။ ဘိလပ်မြေ သိုလှောင်တဲ့ဂိုဒေါင်တွေ၊ စက်ရုံသေးလေးတွေပါ ဖွင့်ပြီး ဒီအဆောက်အဦးနဲ့ လမ်းခင်းတာတွေ လုပ်နေတာ။ အဲဒီအဆောက်အအုံသစ် ဆောက်နေတဲ့ နေရာတွေက ကျားဖြန့်တွေ အခြေစိုက်တဲ့ နေရာတွေပဲ။ ဆောက်နေတဲ့ အဆောက်အအုံတွေကလည်း ရွှေက္ကိုလ်မှာလို တိုက်တန်းလျားအတွဲကြီးတွေ ဆောက်နေတာ။ အဆောက်အအုံသစ်တွေဆီ သွားမယ့် လမ်းတွေလည်း ခင်းနေတုန်းပဲ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-142

#Adm_5
#KhitThitMedia
#z_fighter
မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည် ဆောက်နေဆဲ

🔰 Z Fighter February 15 🔰

"ကျောက်ခက်ထဲမှာတော့ အဆောက်အအုံအသစ်တွေအများကြီးပဲ ဆောက် လုပ်နေတာ။ ဘိလပ်မြေ သိုလှောင်တဲ့ဂိုဒေါင်တွေ၊ စက်ရုံသေးလေးတွေပါ ဖွင့်ပြီး ဒီအဆောက်အဦးနဲ့ လမ်းခင်းတာတွေ လုပ်နေတာ။ အဲဒီအဆောက်အအုံသစ် ဆောက်နေတဲ့ နေရာတွေက ကျားဖြန့်တွေ အခြေစိုက်တဲ့ နေရာတွေပဲ။ ဆောက်နေတဲ့ အဆောက်အအုံတွေကလည်း ရွှေက္ကိုလ်မှာလို တိုက်တန်းလျားအတွဲကြီးတွေ ဆောက်နေတာ။ အဆောက်အအုံသစ်တွေဆီ သွားမယ့် လမ်းတွေလည်း ခင်းနေတုန်းပဲ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-142

#Adm_5
#KhitThitMedia
#z_fighter
ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရရှိမည်ဟုဆိုကာ အမျိုး သမီးတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပင်မရတော့ဘဲ ပျောက်ဆုံးနေ

🔰 Z Fighter February 15 🔰

မမိုးသဲချစ်ကို မိသားစုဝင်များ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ နေအိမ်အတွင်း မြောင်းမြမြို့ဘက်သို့ အလုပ်သွားလုပ်မည့် အကြောင်း ရေးသားခဲ့သည့် စာကိုသာတွေ့ရှိခဲ့ကြောင်း၊ ၎င်း မပျောက်ဆုံးမီ ဒလမြို့နယ် တပင်ရွှေထီး ရပ်ကွက်တွင် နေထိုင်သော မဖြိုးဆိုသည့် အမျိုးသမီး ၁ ဦးနှင့် အတူတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံတွင် အလုပ်သွားလုပ်မည့် အကြောင်း ပြောဆိုနေသည်ကို ပတ်ဝန်းကျင်မှ ပြည်သူများက ကြားသိခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-140

#Adm_5
#KhitThitMedia
#z_fighter
အခြေခံ စ-စ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စ-စ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်

🔰 Z Fighter February 15 🔰

တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ က လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး အခြေခံပညာကျောင်းများတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိတ်ဆက်သင်ကြားခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-139

#Adm_5
#KhitThitMedia
#z_fighter
ဗန်းမော်၊ စင်းခန်းရွာကို စ-စ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တို-က်ခိုက်မှု ပြည်သူ ၂ ဦးပွဲချင်းပြီး thayဆုံးပြီး ၃ ဦး အပြင်းအထန်ဒ-ဏ်ရာရ

🔰 Z Fighter February 15 🔰

"စင်းခန်းရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး နဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ပြည်သူ ၃ ဦးကတော့ ပြင်းထန် ဒဏ်ရာရရှိတယ်။ အသက် အန္တရာယ် စိုးရိမ်နေရပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ အမျိုးသမီးက လေယာဉ် ဗုံးထိမှန်ပြီး နေအိမ်မီးလောက်ပြာကျပြီး တခါတည်း အသက်ပါသွားတာပါ။ ပြည်သူ အိမ် ၂ အိမ် ပျက်စီး ဆုံးရှုံးပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန်>>>>>>https://telegra.ph/Z-Fighter-02-15-141

#Adm_5
#KhitThitMedia
#z_fighte
သောင်ရင်းမြစ် ဖြတ်ကူးလာသော မြန်မာ ၂၃ ဦး အဖမ်းခံရ

🔰 Z Fighter February 15 🔰

အဆိုပါ တရားမဝင် ဝင်ရောက်လာသော လူတစုကို ထိုင်းစစ်သားများက သွားရောက်စစ်ဆေးချက်များအရ မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့က ထိုင်းဘက်အခြမ်းတွင် အလုပ်လုပ်ကိုင်ရန်လာခြင်း ဖြစ်ကြောင်း ပြောသည်။[The Irrawaddy][Z-F]

ဓာတ်ပုံ- AEC อาเซียน

ဆက်လက်ဖတ်ရှုရန်>>>>>>>>https://telegra.ph/Z-Fighter-02-15-137

#Adm_5
#TheIrrawaddy
#z_fighter
ကျားဖြန့်တရားခံပြေးများ လွှဲပြောင်းနိုင်ရေး မြန်မာ-တရုတ်ဆွေးနွေး

🔰 Z Fighter February 15 🔰

အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီ ကယ်တင်ပေးရန် မေတ္တာရပ်ခံထားသော တရုတ်နိုင်ငံသားများ၏အခြေအနေများ၊ လွှဲပြောင်းနိုင်မှု၊ မြဝတီနယ်မြေအတွင်း ဝင်ရောက်နေသော နိုင်ငံခြားသားများ ပြည်နှင်နိုင်ရေး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မိုင်းဟ ဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။[The Irrawaddy][Z-F]

ဓာတ်ပုံ- MOI

ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-02-15-136

#Adm_5
#TheIrrawaddy
#z_fighter
ချောက်မြို့လျှပ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

🔥 Z Fighter February 14 🔥

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။
[ People's Spring ][ Z-F ]

(ချောက်မြို့နယ်လျှပ်စစ်ရုံးအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ/ပုံဟောင်း)

⬇️ Read More ⬇️
https://telegra.ph/Z-Fighter-02-14-160

#Adm_3
#PeopleSpring
#z_fighter
မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

🔴 Z Fighter Feb 14 🔴

မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ညွှန်ကြားလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယနေ့ ပြုလုပ်သော လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှု အရှိန်မြှင့်တင်ရန် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာဘက်အခြမ်းသို့ ကျားဖြန်များ နှိမ်နင်းရေး လျှပ်စစ်မီး၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားမှုနှင့်ပတ်သက်၍ ရလဒ်အခြေအနေများကို ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံစာတင်ပြရန် ညွှန်ကြားကြောင်း သိရှိရသည်။ [Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-159

#Adm_2
#KTM
#z_figher
ရွှေက္ကိုလ်မှ နိုင်ငံခြားသား ရာချီ၍ BGF က ခေါ်ထုတ်နေပြီး တရုတ်များလည်း ပါဝင် (ရုပ်/သံ)

🔴 Z Fighter Feb 14 🔴

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် နေရပ်ပြန်လိုသူ နိုင်ငံခြားသား ရာချီ၍ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်BGF က ခေါ်ထုတ်နေကြောင်း ရွှေက္ကိုလ်အတွင်းတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားတချို့က ဆိုသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်မှစတင်၍ ရွှေက္ကိုလ်မြို့အတွင်းသို့ BGF တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး ဟိုတယ်များ၊ ကာစီနိုများ၊ စားသောက်ဆိုင်နှင့်KTV များ၊ ငွေလဲစင်တာများကို စစ်ဆေးကြောင်း၊ တရုတ်များကိုမူ နိုင်ငံကူးလက်မှတ်များ စစ်ဆေးကြောင်း၊ ယင်းနောက် ပြန်လိုသူများကို အိမ်ပြန်နိုင်ကြောင်း ပြောဆိုပြီး လူအစုလိုက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ [Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-158

#Adm_2
#KTM
#z_figher
ချောက်မြို့ပေါ် စစ်တပ်တပ်စွဲထားသော မြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်

🔴 Z Fighter Feb 14 🔴

မကွေးတိုင်း၊ ချောက်မြို့ အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်ရှိ စစ်တပ် တပ်စွဲထားသော မြို့နယ်လျှပ်စစ်ရုံးဝင်း အတွင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောက်မြို့ရှိ အမှတ် ၁၅ နယ်မြေ စံပြမြို့သစ် ရပ်ကွက်တွင်ရှိသော မြို့နယ်လျှပ်စစ်ရုံးဝင်း အတွင်းကို လက်ပစ်ဗုံး ၁ လုံး နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][Z_F]

ဓာတ်ပုံ - ချောက်မြို့တွင် စစ်ဆေးရေးလုပ်ငန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

https://telegra.ph/Z-Fighter-02-14-157

#Adm_2
#KTM
#z_figher
ကလေးမြို့နယ် ၊မဏိပူရ မူးမြစ်ကူးတံတား စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးပြီး အရှင်ဖမ်းဆီးရရှိသူများလည်းရှိ

🔴 Z Fighter Feb 14 🔴

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မဏိပူရ မူးမြစ်ကူးတံတား ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး အများအပြားထိခိုက်သေဆုံးမှုရှိပြီးလက်နက်များလည်း သိမ်းဆည်းရှိခဲ့ကြောင်းCDF KKG ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ကလေးမြို့နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အစပ်၊ မဏိပူရ မူးမြစ်ကူးတံတားတွင် အင်အား ၇၀ ခန့်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် အကြမ်း ဖက်စစ်သား၊ ပျူစောထီးခြေကုပ်စခန်းကို CDF KKG နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်း သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးအများအပြား သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-156

#Adm_2
#KTM
#z_figher
ရေဦးနှင့်ငါန်းဇွန် မြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့်စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

🔴 Z Fighter Feb 14 🔴

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်နှင့် ပျူစောထီး အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅နာရီ ၂၁ မိနစ်ခန့်တွင် ရေဦးမြို့ အနောက်ဘက်ရှိ ရွှေကျီးမင်း အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ပျူစောထီး အင်အား ၂၅ ဝန်းကျင်ခန့်ရှိသော အထိုင်စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။[Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-155

#Adm_2
#KTM
#z_figher
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ်တပ်မှ အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်

🔴 Z Fighter Feb 14 🔴

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ် တပ်မှ အရာရှိ ၂၃ ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည့် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အခြားစစ်တပ်အရာရှိများကို ဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ [Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-153

#Adm_2
#KTM
#z_figher
လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကာကွယ်နေထိုင်ရန် အချက်များ NUGကာကွယ်ရေး ထပ်မံထုတ်ပြန်

🔴 Z Fighter Feb 14 🔴

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ် နေထိုင်ခြင်းနှင့် သက်ဆိုင်သည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)တွင် ထပ်မံထုတ်ပြန်သည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးသည်။[People Spring][Z-F]

https://telegra.ph/Z-Fighter-02-14-152

#Adm_2
#PeopleSpring
#z_fighter
စစ်ကောင်စီချသည့် ဒရုန်းဗုံးသီးထိမှန်ပြီး PDF တစ်ဦးကျဆုံး

🔴 Z Fighter Feb 14 🔴

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ် ကြဲချသည့်ဒရုန်းဗုံးသီးထိမှန်ပြီး ရဲဘော်တစ်ဦးကျဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင်၊ တပ်ရင်း-၁(တပ် ရင်း-၇၀၀၁) Spring Warriors Column က ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်)တွင် ထုတ်ပြန် သည်။

"drone ဗုံးထိတာပါဗျ။ (တိုက်ပွဲမရှိဘဲ)ဒီတိုင်းလာချတာ။ ခါတိုင်းက drone က အသံကြားရတယ်။ ခုတစ်ကြိမ်က တော်တော်မြင့်တယ် drone သံ မကြားရဘူး။ ဗုံးသီးကျလာတဲ့ လေတိုးသံကြားရတော့ ဝပ်လိုက်ပေမယ့် သူဝပ်တဲ့နေရာနဲ့ ကပ်ကျတာဆိုတော့ သူ မလွတ်လိုက်ဘူးဖြစ်သွားတာ"ဟု Spring Warriors Column မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။[People Spring][Z-F]

https://telegra.ph/Z-Fighter-02-14-151

#Adm_2
#PeopleSpring
#z_fighter
ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်​နောက်ဆုံးစခန်းဖြစ်​သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက်

🔴 Z Fighter Feb 14 🔴

ကရင်နီပြည်တွင် မြန်မာ-ထိုင်းနယ်စပ် ၌စစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းကုန်း(ပွိုင့် ၅၄၁၆) ကို ကရင်နီပြည်တပ်မတော် -KAက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း KA ၊တပ်ရင်း ၅ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီ၏ နှစ် ၃၀ ကြာတပ်စွဲထားသော ကရင်နီ - ထိုင်း နယ်စပ်ရှိ ပွိုင့် ၅၄၁၆(စစ်ဆင်ရေးခြေကုပ်စခန်း ) တောင်ကတုံးစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။[People Spring][Z-F]

https://telegra.ph/Z-Fighter-02-14-150

#Adm_2
#PeopleSpring
#z_fighter
ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်မည့် အမျိုးသားများကို စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ NSIMS စနစ်ဖြင့် စတင် စစ်ဆေးနေ 🟥စစ်မှုထမ်းစာရင်းတွင် ပါဝင်နေသူ အမျိုးသားများကို ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်

🔴 Z Fighter Feb 14 🔴

စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဒီဂျစ်တယ်နည်းပညာဖြင့် မှတ်တမ်းတင်ထားသော ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို ထူထောင်ထားပြီး ရန်ကုန်လေဆိပ်နှင့်မန္တလေးလေဆိပ်တို့တွင် ပြည်ပသို့ ထွက်ခွာကြမည့် အမျိုးသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်မှုထမ်းရမည့် သူ ဟုတ်၊ မဟုတ် NSIMS စနစ်အတွင်း လ၀က က ဝင်ရောက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းစာရင်းတွင် ပါဝင်သည့် အမျိုးသားများအနေဖြင့် (PV)၊ (PE) ဖြင့် ဖြစ်စေ တားဆီးပိတ်ပင်နေကြောင်း သိရှိရသည်။ [Khit Thit Media][Z_F]

ဓာတ်ပုံ - ရန်ကုန်လေဆိပ်ရှိ လ၀ကဝန်ထမ်းများကို အကြမ်းဖက် စစ်ကောင်စီဝန်ကြီး မြင့်ကြိုင်က စစ်ဆေးနေစဉ်။

https://telegra.ph/Z-Fighter-02-14-149

#Adm_2
#KTM
#z_figher
မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် နှင့် ကျောက်ခက်ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များ အပြင်ထွက်သွား လာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် လိုက်လံစောင့်ရှောက်ပေးထား

🔴 Z Fighter Feb 14 🔴

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် နှင့် ကျောက်ခက်ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များ အပြင်ထွက်သွားလာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် လိုက်လံစောင့်ရှောက်ပေးနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

"ကျားဖြန့်လုပ်ငန်းလုပ်တဲ့ တရုတ်တွေကတော့ မြ၀တီထဲမှာ လုံခြုံရေးအခြံအရံ အပြည့်နဲ့သွားလာနေကြတုန်းပဲ။ ကျောက် ခက် မှာလည်း အတူတူပါပဲ။ နည်းနည်းအကောင်ကြီးရင် ရှေ့ရော နောက်ရော တပ်ဖွဲ့ဝင်တွေပါတယ်။ ပုံမှန်ဆိုရင်တော့ ရှေ့ကနေ လက်ကိုင်တပ်ဖွဲ့ဝင်တွေပါတဲ့ ပွိုင့်ကားက ရှေ့ကသွားတယ်။ တရုတ်တွေကတော့ ကားအကောင်းစားတွေနဲ့ မြ၀တီထဲမှာ အသွားအလာမပြတ် ဘူး" ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ယင်းအခြေအနေကို မျက်မြင်တွေ့ရှိခဲ့ရသူ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ [Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-02-14-148

#Adm_2
#KTM
#z_figher
See more posts